ခင့် မူပိုင်

" ခင့် မူပိုင် "

ဘီးရယ် မှန်ရယ် ကျောက်ပြင်ရယ်
သနပ်ခါးသွေး လိမ်းလို့ကျံမယ်
ခင့်သားရေ နုနုပါးထံ
မွှေးနံ့သာချယ်။
အံမယ် အံမယ် အမယ်မယ်
ကိုလူလည် စကားတတ်
အနားရပ် လာတယ်
ပါးအပ်ကာကွယ်
ချစ်တယ် သက်လည်
မျက်ကွယ်မယ် ဆိုစကားဖြင့်
အပိုကြွား သလိုများ
သက်ထားကို
ချော့မြှူကစားချင်တယ်။

ချစ်တော့ချစ်တယ် ကိုကို ရယ်
ရည်းစားဆို ဇီးပြားကို
နှီးဖျားလို ကစားနေသူရယ်
သက်ထားဆီ ဒီအချိုး
အမျိုးမျိုး တော့
မဖြစ်စေချင်ဘူးကွယ်
မုန်းပါဘူးကွယ် မေ့ပါဘူးကွယ်
ချစ်တာတွေ အပိုစကား
ထပ်မကြားနိုင်ဖွယ်
အကြင်နာ အပြုံးဆိုင်ဝယ်
သံသရာ ဆုံးတိုင် ရွယ်
ရာသက်လုံး ဖလှယ်
မမုန်းတန်းပဲ ချစ်သဲ ပိုင်ချင်တယ်။

               " သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး