နေရာယူသော
" နေရာယူသော "
တစ်နှစ်သစ် လို့ တစ်နှစ်ဟောင်း
ပြက္ခဒိန် လေး နေရာပြောင်း။
အချိန်ပြောင်းလဲ ဘဝတာ
အရေးကိစ္စ ဝမ်းတစ်ထွာ။
ပြက္ခဒိန်သာ နေရာပြောင်း
စားဝတ်နေရေး မှာ အကြောင်း။
ဘယ်မင်း ပြောင်းပြောင်း မထောင်းသာ
တို့ပြည်သူ တွက် မြဲနစ်နာ။
အလိမ်အညာ မျက်နှာပြောင်း
မွှေမွှေ ဘဘ စိတ်ပျက်ကြောင်း။
နောက်ထပ်ပြောင်းလဲ လိမ်ဦးမှာ
ပြက္ခဒိန် လေး လုံးလည်ချာ။
ရက်ရာဇာ ကျ မင်းအပေါင်း
ပြဿဒါး က ပြည်သူ့ ခေါင်း။
ပေါင်းစားတတ်မှ ချမ်းသာကြောင်း။
ခိုးဝှက်တတ်မှ နေထိုင်ကောင်း။
တရားပျက်သည့် အူတိုင်ခေါင်း။
တိုင်းပြည်ပျက်မည့် ထို အပ်ကြောင်း။
" သစ်ရိပ်ညို "
တစ်နှစ်သစ် လို့ တစ်နှစ်ဟောင်း
ပြက္ခဒိန် လေး နေရာပြောင်း။
အချိန်ပြောင်းလဲ ဘဝတာ
အရေးကိစ္စ ဝမ်းတစ်ထွာ။
ပြက္ခဒိန်သာ နေရာပြောင်း
စားဝတ်နေရေး မှာ အကြောင်း။
ဘယ်မင်း ပြောင်းပြောင်း မထောင်းသာ
တို့ပြည်သူ တွက် မြဲနစ်နာ။
အလိမ်အညာ မျက်နှာပြောင်း
မွှေမွှေ ဘဘ စိတ်ပျက်ကြောင်း။
နောက်ထပ်ပြောင်းလဲ လိမ်ဦးမှာ
ပြက္ခဒိန် လေး လုံးလည်ချာ။
ရက်ရာဇာ ကျ မင်းအပေါင်း
ပြဿဒါး က ပြည်သူ့ ခေါင်း။
ပေါင်းစားတတ်မှ ချမ်းသာကြောင်း။
ခိုးဝှက်တတ်မှ နေထိုင်ကောင်း။
တရားပျက်သည့် အူတိုင်ခေါင်း။
တိုင်းပြည်ပျက်မည့် ထို အပ်ကြောင်း။
" သစ်ရိပ်ညို "
Comments
Post a Comment