ကျေးဇူးခံကျေးဇူးစား

" ကျေးဇူးခံ ကျေးဇူးစား "

မေပင်လယ် ဖေသမုဒ်
မွေးထုတ်ခြင်း သားသမီးထံ
မြစ်ချောင်းအင်း အိုင်ဆည်ကန်။
စီးဆင်းသွယ် ရေမြေခံ
ခိုဝင်ပြန် ရင်တွင်း။
တောင်းဆိုးဟန် ထုံးစံခင်းလျက်
စွန့်ပစ်ကင်း သတ္တိသွင်းပါတဲ့
ဘမိချစ်ခြင်း။

လေညင်းရှင် ဖေးမလို့
မိဘတို့ ချစ်မေတ္တာ
ရေသင်း ရနံ့ ဖြာ။
သားသမီး မငြီးဖွယ်ရာ
တိမ်သဉ္ဇာ စာနာတရား။
ဝေးမြေခြား ရပ်တပါးဆီ
ဖြူစင်ကြည် ငွေမြူပျိုးရှာပေါ့
မျိုးသစ္စာထား။

တုန့်ပြန်လာ မှန်ယခု
ကံအမှု မိဘဆီ
ပို့သမျက်ရည်။
နွမ်းညစ်စွ ရေပြန်သည်
ခံရေကြည် မဲ့ဆွေး။
ကျေးဇူးရှင် နှစ်ပါးခံ
တတ်သိငြား မိဘများထံ
တုန့်ပြန်လို့ပေး။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး