ကံကံ၏အကျိုး

" ကံ ကံ၏အကျိုး "

စိတ်အနေ အခြေပျက်ပါက
ကြွေသက်သည့် ပန်းနှယ်
ဝေဒနက် သည်ခန္ဓာဝယ်
ပညာက်ကယ် ရှိငြား။
သင်္ခါရက္ခန္ဓာ သဘောဟာမို့
စစ်ကြောလို့ ဖွေရှာခက်သား။

ဆင်းရဲခြင်း ချီးမွမ်း ကဲ့ရဲ့
ငြီးသွမ်းမယ့် အစား။
မြည်းစမ်းတဲ့ ကံတရားဟာဖြင့်
ဥာဏ်များရ အခက်နော်။
မြတ်ဗုဒ္ဓ တရားဟောမှာဖြင့်
နာမ်သဘော သရုပ်ထင်ပေါ်။

ကမ္မန္တ ပစ္စယာပေသော်
နှစ်တစ်ရာကျော် မနေအား
သန္ဓေသား တရားမမြင်
အမှားခင်မင်။
ချားရဟတ် တစ်ပတ်လည်လျှင်
ပန်းအသွင် ကြွေနွမ်းလိမ့်လေး။ ။

" သစ်ရိပ်ညို "

ကမ္မန္တ ပစ္စယာ - ကံဟူသောအကြောင်းအရာ

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး