ဆောင်းနံနက် ခင်း
" ဆောင်းနံနက်ခင်း "
ငှက်ကလေးတွေ စိုးစိုးစီ
နေခြည် ထွက်တော့မည်။
လေညင်းဝေ့သီ တသွဲ့သွဲ့
သစ်ရွက် လှုပ်လဲ့လဲ့။
ဝန်းကျင်ကျဲပြန့် သဲသဲခို
ငွေနှင်း ဖွဲဖွဲစို။
ပင်ပျိုပန်းငုံ စို့စို့ဖူး
လိပ်ပြာ ဖျတ်ဖျတ်လူး။
စမ်းချောင်းနဖူး ကမ်းပါးယံ
စီးသံ သောသောညံ။
ကျေးငှက်မောင်နှံ တေးသီကုံး
ပြုံးပျော်လို့ မဆုံး။ ။
" သစ်ရိပ်ညို "
ငှက်ကလေးတွေ စိုးစိုးစီ
နေခြည် ထွက်တော့မည်။
လေညင်းဝေ့သီ တသွဲ့သွဲ့
သစ်ရွက် လှုပ်လဲ့လဲ့။
ဝန်းကျင်ကျဲပြန့် သဲသဲခို
ငွေနှင်း ဖွဲဖွဲစို။
ပင်ပျိုပန်းငုံ စို့စို့ဖူး
လိပ်ပြာ ဖျတ်ဖျတ်လူး။
စမ်းချောင်းနဖူး ကမ်းပါးယံ
စီးသံ သောသောညံ။
ကျေးငှက်မောင်နှံ တေးသီကုံး
ပြုံးပျော်လို့ မဆုံး။ ။
" သစ်ရိပ်ညို "
Comments
Post a Comment