ယဉ်ယဉ်လေးရူး

" ယဉ်​ယဉ်​​လေးရူး "

တိမ်​လွှာကို မျက်​စပစ်
ချစ်​ ခဲ့တဲ့ ​နွေ။

စောင်းငဲ့​စွေ ​ခေါင်းအလှည့်
ကြည့်​ ခဲ့တဲ့ မိုး။

နှင်း​မြူလွှာ ရင်​အမ
တ ခဲ့တဲ့​ ဆောင်း။

နွေအစမို့လည်း
မြေခ​ကြွေကြသည်​။

မိုးအစသို့​ကြောင့်
သွန်း​ဖြိုးချကြသည်​။

ဆောင်းအစရယ်​လို့
နှင်းမြ ချယ်​ကြသည်​။

ရာသီ​တွေ အလီလီလည်
စလယ်​ဆုံး နိဂုံးမရှိ
ချစ်​မုန်းစာ ကဗျာမသိ
ဪ ဟတ်​ထိ
မှတ်​သိသမျှ
တကယ်​​တော့​..
နတ္ထိ ...​ပေ။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်