ဆောင်ကုန်သည်နွေခုန်ကူး

" ဆောင်းကုန်သည် နွေခုန်ကူး "

ဆောင်းကုန်သည် လေကုန်ကူးတို့
နှစ်ကူးနှင့် လှမ်းကြို။

မြောက်ဧည့်သည် အောင်ဖျာလိပ်မှာမို့
တိတ်တဆိတ် ငို။

ငိုလို့သာ ငိုရင်းငို
အေးလို့ဆို ပိုပိုအေး။

ဖေဖေါ်ဝါ ရီမှာကွယ်
လေ တလည် လေတန့် ဆောင်း
ညောင်းဆန့် လေပြေး။ ။

ဇန်နဝါ ရီသည်လ
မှုန်ပြပြ ဝေးကွာ
နေနှင့် ကမ္ဘာ။

နှစ်ဆယ့်တစ် ရက်ကယ်မှာ
နေ့တာဟာ အရှည်ဆုံး။

မီးသာ ဖိုလှုံ
စောင်မလုံ တုန်အောင်ချမ်းသကွဲ့
ဆောင်းနန်း တက်တုန်း။ ။

လင်းအရုဏ် နံနက်ခင်း
ဆီးနှင်းကျ တဝေဝေ။

ညသိပ်ရေ ထုံကျဉ်သွားမယ်ကွဲ့
လက်ဖျားရိုး ကျေ။

နွေကျတော့ ပူပြီလေ
နွေဆိုနွေ ဆယ်နွေကဲ။

မတ် ဧပရယ် မေလများတောင်
အားရနိုင် ဘဲ။ ။

ဘိုးဘွားပိုင် ရေလေမြေ
မြန်မာပြေ တစ်လွှား။

ဖေးမ ညီတူ
အေးအတူ ပူအမျှ
ရှိကြ စေသား။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်