ခေတ်သစ်မြန်ပြည်

" ​ခေတ်​သစ်​ မြန်​ပြည်​ "

တိမ်​မျှင်​ ကွယ်​ကာ ၊ အမြင်​လွှာ ဝယ်
ထင်​လာ ​ဆေး​ရေး ၊ ​ရောင်​ဝါ​စွေး ၍
နတ်​​ရေး ပန်းချီ သသည့်​နှယ်​။

ရွေ့ရံ ရစ်​သီ ၊ တိမ်းပန်​ချီ ကား
ရောင်​နီ သွားတိုင်း ၊ မုန်​ဆင်​ရိုင်း လို
စစ်​လှိုင်း ချီတက်​ ၊ ဂုမ္ဘာန်ထွက်​ သို့
ဆင်းသက်​ နဂါး ၊ ဂဠုန်​ များလား
ဆပွား ​တွေးဆ မိ​တော့တယ်​။

စိတ်​ဟပ်​ ထင်​​ယောင်​ ၊ ရဲရင့်​​​အောင်​ ဖြင့်
စာ​နှောင်​ ဟစ်​​ကြွေး ၊ ကဗျာ​လေး တို့
နု​သွေး ကြွကြွ ၊ ပြည့်​ကဏ္ဍ ဝယ်
နိုးထ ပြည့်​မီ ၊ စာပန်း စီ၍
ညီညွတ်​ စည်းလုံး ၊ ပန်းသီကုံး လို့
ရွှင်​ပြုံးအားရ ရှိလှသည်​။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်