လူပြိုဖြန်း

" လူပြိုဖြန်း "

ရိုးရင့်​​ရော်​ရမ်း
သွေးဆီခမ်း
ချစ်​စမ်း​ချောင်း​လေး လွင့်​လွင့်​ချီ။

နွံနှစ်​နာဝါ
လွှင့်​လို့လာ
ကျွံကာဝဲရစ်​ ဖြစ်​ဖြစ်​မည်​။

မက်​မက်​သည့်​​ဇော
စစ်​ရည်​​ကြော
မ​နောစချင့်​ တင့်​သင့်​ကြည်​။

သက်​ပုံမက်​ဆူး
အဆိပ်​မြူး
လူးလူးလိမ့်​လိမ့်​ ဆိမ့်​ဆိမ့်​အီ။

ကံကုန်​ကာလ
ရွက်​လွှင့်​ကျ
မြေခ​လွေ့​လွေ့ ​သွေ့​တော့သည်​။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်