" နှစ်ဦး သံသာ "

နေခြည်ဖြာ
သာယာတဲ့ နံနက်ခင်း။
နှစ်သစ်တွင် တူယှဉ်တွဲ
မြဲသည့်ချစ်ခြင်း။

တောင်စဉ်လွှာ
စီကာဆင့် မြင့်မား။
မိုးထက်ယံ တိမ်လျံဖောက်
ဖြိုးမောက်လို့ကြွား။

ရွှေရွက်ဝါ
ထံတျာတွဲ့ သွဲ့မျှဉ်း။
လေယူရာ သွယ်ကာလှိုက်
ဝေ့ဝိုက်နွဲ့ဆင်း။

စမ်းချောင်းငယ်
သွယ်သွယ်လဲ့ သက်ညင်း။
မြစ်နဒီ စုံညီလျောင်း
ပေါင်းစုံစီးဆင်း။

ဆောင်းငွေ့ဝေ
ကြွေစေပေါ့ မြူနှင်း။
မိုးသောက်လျှင် ဖြူစင်ပ
ကြွေကျလို့ဆင်း။

နွေကန္တာ
ဖြေရာမဲ့ ရင်တွင်း။
သစ်ရွက်ချွေ လေပူငွေ့
လွေ့လွေ့ကြွေဆင်း။

ရွှေမိုးရွာ
ဆင်လာတဲ့ တိမ်မင်း။
ပုလဲငွေ ရေကြည်ပေါက်
ဖျောက်ဖျောက်ကြွေဆင်း။

ပင့်သက်ဖြာ
ယဉ်ပါပေ့ ရွှေအဆင်း။
လှမြဉ္ဇူ ပျိုဖြူလေး
အေးမြရင်တွင်း။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး