ပျို့မောင်ဖေ

" ပျို့​မောင်​​ဖေ "

ယောင်​ကြီးရှင်​ မြန်​မာ့ဘုန်း
ဆံထုံး နှင့်​ ရစ်​​ခွေ။
သမန်းဝင်​ ​ခြေသလုံးဖြင့်
ပျို့ဖုန်း ​မောင့်​ ချစ်​​ဆွေ။
တံစဉ်​ဝိုက်​ နင်းဖြတ်​​နေ
ကောက်​လှိုင်းရွှေ ဆန်​စပါး။
ထက်​​ကောင်းကင်​ ရှင်​​နေမင်း​တောင်
ဝင်းပ ခစား။     ။

နေမင်းက ပူ
အရိပ်​ဟူ ရှား​ရော့သလား။
ကန်​သင်းငူ အပိုင်​တက်​လို့
နံနက်​စာ စား။     ။

တောင်​သာတွင်​ ​မေးတင်​​ပြေး​တော့
နေညို​အေး ဆည်းဆာ
ညင်း​လေက သာ။
နွားလှည်းနှင့်​ လယ်​ကပြန်​လာ
ပတတ်​စာ လယ်​ကန်​စွန်း။
ပျို့​မောင်​​ဖေ ​နေညို​တေးရယ်
အေးမြ သာလွန်း။     ။

                    " သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်