မင်္ဂလာတရား

" မင်္ဂလာ တရား "

နံနက်​မိုး​သောက်​ အလင်း​ရောက်​ပြီဆိုပါလျှင်
စိတ်​​နောက်​ကိုယ်​ပါ မယွင်းယခုသာဖြင့်
စေနှင်း သုခုမ ထံတျာ သာယာသကဲ့သို့
သုစရိုက်​ မင်္ဂလာအမှု အဖို့ဖို့ တို့ကို
ပြုကြစို့ များသူငါ။

မ​ကောင်းမှု ဒုစရိုက်​ လှိုက်​ဖြာဖြာ အဟိတ်​ဆန်​လို့
စိတ်​မာန်​ချို့ သည်​အမှု​တွေကိုဖြင့်
ရှောင်​ပါယခု အရှိရယ်​လို့ မပြုမိကြ​စေနှင့်​ဗျာ
ဒါလည်း မင်္ဂလာပါ။

တန်​ဘိုး အနဂ္ဂ ထားကြစို့ များ​ဝေ​နေရာ
ဘုရားတရားသံဃာ မှာ
ရတနာ မြတ်​သုံးပါး။

ကောင်းမှုကံ လွန်​ဆပွားပါလို့
မ​ကောင်းအမှန်​ လွန်​​ရှောင်​ရှားကြပါစို့
နားယဉ်​စွာ နားအစဉ်​မခွာ ခိုင်​မာသတိဖြင့်
နှစ်​ဖြာမိဘနှင့်​ မြတ်​ဆရာ အဆုံးအမအချိုးကို
အသုံးချ ဖန်​တစ်​ရာ တိုး​စေပါလို့
နှလုံးလှ မြန်​မကြာ ပျိုး​နေလျက်​ကယ်​နှင့်
ဘုန်း​တန်​ခိုး ​​​နေရောင်​စက်​ ရှိန်​ဝါ
လ​ရောင်​သက်​ ငြိမ်း​အေးစွာ သာသည့်​နှယ်
လူ့​ပြေ(ပြည်​)ရွာ သံသရာ အကျိုးများ​စေဖို့
ထက်​​အောက်​ရွာ စကြာဝဠာ မကျန်​ပါ
မင်္ဂလာ ​ပေါကြွယ်​ဝ ကြပါ​စေလို့
ဪ..​လောကသုံးပါး မှာဖြင့်
ထားအပ်​ ပွားအပ်​ ​အမှန် ​ဆင်​စေအပ်​ရာက
မင်္ဂလာ တရား။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်