ပန်းမြတ်စေတီ

" ပန်းမြတ် သူဇာ "

တောင်ဇလပ်ပန်းရယ်နဲ့
မြောင်စမ်းငဲ့ တင့်စို
တောင်နှုတ်ခမ်း ပွင့်အခိုဝယ်
မြင့်ထိုထို ရှက်သွေး။

ဘွေဝဠာ သဉ္ဇာနန်းမှာတဲ့
လန်းဆန်းကြ ပန်းလှနုထွေး။

မြေလွှာကျောက် အကြောဖြာမှာ
ရွှင်မောသာ လေအေး။

မြင့်လျောမှာ ခဏမှေးစဉ်မှ
ရနံ့မွှေး သင်းထုံ။

တိမ်အလွှာ တောင်ခါးပန်းမှာဖြင့်
အမြင်ဆန်း လှတဲ့ရိပ်မြုံ။

မြောက်လေသွေး နှင်းဝတ်မှုန်ရယ်
ဆင်းချစ်ပုံ ဘဝင်ခိုက်စရာပါ့
မြူအသိုက် ပုလဲသွယ်
ဝဲပျံ့ ကြည်စယ်။

တောင်ဇလပ် ပန်းမြတ်ငယ်ရယ်
နန်း နတ်နွယ် နတ်ပန်းသို့လေး။ ။

" သစ်ရိပ်ညို"

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်