ငြိမ်းချမ်းသာယာ

" ငြိမ်းချမ်းသာယာ "

စိတ်​တင်​စိတ်​ကြွ စိတ်​ကျသူငါ
စိတ်​လိုအကြိုက်​ စိတ်​လိုက်​မာန်​ပါ
စိတ်​တိုစိတ်​ငြိုး စိတ်​ဆိုးမြန်​စွာ
စိတ်​မ​ကောင်း စိတ်​​ထောင်း ကိုယ်​​ကျေလာ။

တန်​ရာတန်​ဘိုး အကျိုးညီစွာ
တုန့်​ပြန်​စိတ်​ဓာတ်​ မွန်​မြတ်​မှသာ
အာဃာတများ သိပ်​မှား​သေချာ
ကိုယ်​သာပါ့ ကိုယ်​က အခရာ။

စိတ်​​နေမြင့်​မြတ်​ ရှုမှတ်​စာနာ
ကြင်​နာသနား တရားစိတ်​မှာ
ကုသိုလ်​အမှု ပြုကြသူငါ
ပညာရှိ သတိ မှန်​ကန်​စွာ။

တစ်​လံအရပ်​ စိတ်​ကပ်​ခန္ဓာ
သေရွာဘဝ ခဏမကြာ
များ​ထွေလူသား ​မြောက်​မြားစွာမှာ
သေရွာလား စံစား ရာမပါ။

သို့မို့​ကြောင့်​လည်း ​ဖောက်​လွဲခန္ဓာ
ရှင်​​နေချိန်​​လေး ပြု​ရေးမှန်​ပါ
ကောင်းမှုကိုပျိုး အဆိုး​ရှောင်​ခွာ
ဘဝ​လေး ငြိမ်း​အေး လွန်​ချမ်းသာ။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်