ဆောင်းနွေမိုးပြည့်ရင်ခွင်
" ဆောင်း နွေ မိုး ပြည့်ရင်ခွင် "
( ပိုက်စုံ ရတု )
ဟေမန် သွန်းအေး ၊ လေပြန် သွေးက
ပိုက်ထွေး ဖြူဘောင် ၊ ငွေမြူ ဆောင်လျက်
နှင်းတောင် နှင်းတိုက် ၊ နှင်းပွင့် လှိုက်ရာ
နှင်းသိုက် ဝတ်ရည် ၊ သုံးရာသီ တွင်
ရာသီ နှင်းနု ၊ ဖွားဖွား ပြုသော်
နှင်းဥ ငွေလွှာ ၊ ညင်းလေ လာက
စိမ့်ဖြာ နှင်းမှုံ ၊ အေးရိပ် ခြုံလျက်
ငွေငုံ နှင်းဖွေး ၊ ရွှင်ကြည် အေးသည့်
နှင်းဆွေး စွေ့စွေ့၊ လွမ်းရိပ် မွေ့သား
လွေ့လွေ့ နှင်းမြူ ၊ ဖွေး ဖြူဖြူ တွင်
နေပူ နှင်းကွဲ ၊ တ ဖွဲဖွဲ ဖြင့်
နှင်းစဲ ရည်စု ၊ နေ နုနု သွန်း
ပြေလု နှင်းပျံ ၊ ဆောင်းဟေမန် တွင်း
နှင်းခံ နှင်းလှိုင်း ၊ နှင်းပျောက် စိုင်းကာ
မုန်တိုင်း နှင်းမိုး ၊ သက်နှင်း တိုးက
နှင်းပျိုး ဟေမန် ၊ ဆောင်းနှင်း လျံသည်
ဖန်ဖန် နှင်းစ ပျိုးသစ်သည်။
ချိန်မှန် နှင်းပေါက် ဖျော့ဖျော့မည်။ ။
နွေမှန် ညွှန်းတေး ၊ ဟေမန် ဝေးမှ
လှိုက်ဆွေး ဆူလောင် ၊ လေပူ လှောင်သက်
လင်းရောင် လင်းခိုက် ၊ လင်းလွင့် လှိုက်ဖြာ
ဆင်းစိုက် နေခြည် ၊ မိန်ရာသီ ခွင်
နွေဆီ ပေါင်းစု ၊ လွှားလွှား ရှုမျှော်
မျှဉ်းနု ရွက်ဝါ ၊ ယော်ဝါ ခွာကျ
ဆင်လာ ရွက်စုံ ၊ ပင်ညှောက် ပြုံထွက်
နွေဂုဏ် ရွက်ဆွေး ၊ ရွက်ခြောက် ကွေးသည့်
နွေတေး လွေ့လွေ့ ၊ နွမ်းလျ သွေ့သား
ငွေ့ငွေ့ လူလူ ၊ နွေ ပူပူ တွင်
တောင်သူ မျှော်ဆဲ ၊ ဘုရားပွဲ ဖြင့်
ရင်ထဲ ရွှင်မြူး ၊ ခါနွေထူး မွှန်း
နွေဦး သင်္ကြန် ၊ နွေဂိမ္မာန် တွင်း
တို့မြန်ပြည် တိုင်း ၊ ရိုးရာ နှိုင်းရာ
ရပ်တိုင်း ရွာပျိုး ၊ ရေသဘင်မျိုးပ
သွန်းဖြိုး ညောင်ခံ ၊ ကောင်းခြင်း မှန်သည်
မှန်မှန် ကျင်းပ ရိုးဖြစ်သည်။
ဂိမ္မာန် ထွင်းဖောက် သော့သော့ချည်။ ။
ဝေသန် ကျွန်းဖွေး ၊ နွေမှန် ပြေးရ
သိုက်ဆွေး ဟေမှောင် ၊ ရေမြူ တောင်တက်
တိမ်တောင် တိမ်တိုက် ၊ တိမ်လွင့် လှိုက်လာ
တိမ်သိုက် ဝန်းလည် ၊ မိုးရာသီ တွင်
ကြွေပြီ ငွေဥ ၊ များများ စုသော်
မြေနု ကျွန်းသာ ၊ ပြည့်လျှံ ရွာချ
ဧရာ မြစ်စုံ ၊ ပြည့်လျှမ်း ကုံလျက်
တောင်ပုံ တိမ်သွေး ၊ ဝန်းရံ ဖွေးသည့်
မိုးပြေး ရွေ့ရွေ့ ၊ မိုးဖွား မွေ့သား
စွေ့စွေ့ မြူမြူ ၊ တိမ် ထူထူ လျှင်
ခေါ်ယူ ဝဠာထဲ ၊ ရွေ့ရှားမြဲ ဖြင့်
မိုးသည်း လေပြု ၊ မုန်တိုင်း ထုထွန်း
ကြွေစု သွန်းပြန် ၊ မိုးဝသန် တွင်း
မိုးရံ မိုးမှိုင်း ၊ မိုးပေါက် လှိုင်းဖြာ
ရှစ်တိုင်း ရံတိုး ၊ ထက်အောက် မိုးပြ
လွှမ်းမိုး စေဟန် ၊ ချောင်းရင်း သန်သည်
ညံညံ ဆင်းကျ မိုးစစ်ရည်။
တိမ်လျံ ဝင်းတောက် ကျော့ကျော့တည်။ ။
" သစ်ရိပ်ညို "
(အချီ အချ ပိုဒ်စုံ သပ်စေ့နှက်
သုံးချက်ညီ ကိုယ်တွင်းပြည့်
ခိုင်ညွန့်ခက်ဖြာ သော်တာရောင်ချ နည်း)
ဖြင့်စပ်ဆိုထားသည်
( ပိုက်စုံ ရတု )
ဟေမန် သွန်းအေး ၊ လေပြန် သွေးက
ပိုက်ထွေး ဖြူဘောင် ၊ ငွေမြူ ဆောင်လျက်
နှင်းတောင် နှင်းတိုက် ၊ နှင်းပွင့် လှိုက်ရာ
နှင်းသိုက် ဝတ်ရည် ၊ သုံးရာသီ တွင်
ရာသီ နှင်းနု ၊ ဖွားဖွား ပြုသော်
နှင်းဥ ငွေလွှာ ၊ ညင်းလေ လာက
စိမ့်ဖြာ နှင်းမှုံ ၊ အေးရိပ် ခြုံလျက်
ငွေငုံ နှင်းဖွေး ၊ ရွှင်ကြည် အေးသည့်
နှင်းဆွေး စွေ့စွေ့၊ လွမ်းရိပ် မွေ့သား
လွေ့လွေ့ နှင်းမြူ ၊ ဖွေး ဖြူဖြူ တွင်
နေပူ နှင်းကွဲ ၊ တ ဖွဲဖွဲ ဖြင့်
နှင်းစဲ ရည်စု ၊ နေ နုနု သွန်း
ပြေလု နှင်းပျံ ၊ ဆောင်းဟေမန် တွင်း
နှင်းခံ နှင်းလှိုင်း ၊ နှင်းပျောက် စိုင်းကာ
မုန်တိုင်း နှင်းမိုး ၊ သက်နှင်း တိုးက
နှင်းပျိုး ဟေမန် ၊ ဆောင်းနှင်း လျံသည်
ဖန်ဖန် နှင်းစ ပျိုးသစ်သည်။
ချိန်မှန် နှင်းပေါက် ဖျော့ဖျော့မည်။ ။
နွေမှန် ညွှန်းတေး ၊ ဟေမန် ဝေးမှ
လှိုက်ဆွေး ဆူလောင် ၊ လေပူ လှောင်သက်
လင်းရောင် လင်းခိုက် ၊ လင်းလွင့် လှိုက်ဖြာ
ဆင်းစိုက် နေခြည် ၊ မိန်ရာသီ ခွင်
နွေဆီ ပေါင်းစု ၊ လွှားလွှား ရှုမျှော်
မျှဉ်းနု ရွက်ဝါ ၊ ယော်ဝါ ခွာကျ
ဆင်လာ ရွက်စုံ ၊ ပင်ညှောက် ပြုံထွက်
နွေဂုဏ် ရွက်ဆွေး ၊ ရွက်ခြောက် ကွေးသည့်
နွေတေး လွေ့လွေ့ ၊ နွမ်းလျ သွေ့သား
ငွေ့ငွေ့ လူလူ ၊ နွေ ပူပူ တွင်
တောင်သူ မျှော်ဆဲ ၊ ဘုရားပွဲ ဖြင့်
ရင်ထဲ ရွှင်မြူး ၊ ခါနွေထူး မွှန်း
နွေဦး သင်္ကြန် ၊ နွေဂိမ္မာန် တွင်း
တို့မြန်ပြည် တိုင်း ၊ ရိုးရာ နှိုင်းရာ
ရပ်တိုင်း ရွာပျိုး ၊ ရေသဘင်မျိုးပ
သွန်းဖြိုး ညောင်ခံ ၊ ကောင်းခြင်း မှန်သည်
မှန်မှန် ကျင်းပ ရိုးဖြစ်သည်။
ဂိမ္မာန် ထွင်းဖောက် သော့သော့ချည်။ ။
ဝေသန် ကျွန်းဖွေး ၊ နွေမှန် ပြေးရ
သိုက်ဆွေး ဟေမှောင် ၊ ရေမြူ တောင်တက်
တိမ်တောင် တိမ်တိုက် ၊ တိမ်လွင့် လှိုက်လာ
တိမ်သိုက် ဝန်းလည် ၊ မိုးရာသီ တွင်
ကြွေပြီ ငွေဥ ၊ များများ စုသော်
မြေနု ကျွန်းသာ ၊ ပြည့်လျှံ ရွာချ
ဧရာ မြစ်စုံ ၊ ပြည့်လျှမ်း ကုံလျက်
တောင်ပုံ တိမ်သွေး ၊ ဝန်းရံ ဖွေးသည့်
မိုးပြေး ရွေ့ရွေ့ ၊ မိုးဖွား မွေ့သား
စွေ့စွေ့ မြူမြူ ၊ တိမ် ထူထူ လျှင်
ခေါ်ယူ ဝဠာထဲ ၊ ရွေ့ရှားမြဲ ဖြင့်
မိုးသည်း လေပြု ၊ မုန်တိုင်း ထုထွန်း
ကြွေစု သွန်းပြန် ၊ မိုးဝသန် တွင်း
မိုးရံ မိုးမှိုင်း ၊ မိုးပေါက် လှိုင်းဖြာ
ရှစ်တိုင်း ရံတိုး ၊ ထက်အောက် မိုးပြ
လွှမ်းမိုး စေဟန် ၊ ချောင်းရင်း သန်သည်
ညံညံ ဆင်းကျ မိုးစစ်ရည်။
တိမ်လျံ ဝင်းတောက် ကျော့ကျော့တည်။ ။
" သစ်ရိပ်ညို "
(အချီ အချ ပိုဒ်စုံ သပ်စေ့နှက်
သုံးချက်ညီ ကိုယ်တွင်းပြည့်
ခိုင်ညွန့်ခက်ဖြာ သော်တာရောင်ချ နည်း)
ဖြင့်စပ်ဆိုထားသည်
Comments
Post a Comment