" အမေများနေ့ "
အမေ့ခြေရင်း ပြုစုရင်းနှင့်
အိုခြင်း နာခြင်း သေးခြင်း ဒုက္ခာ
လမ်းပြ သည့် ဇရာ။
အရွယ်အို မပျိုရှာပါ
စိုပြေစွာ အမေ့အသား။
အကြင်နာ ရင်အနှစ်နဲ့
ချစ်တဲ့ စိတ်ထား။ ။
သားသမီးကို ရင်လွယ်သည်မှ
အခြေကျထိ ထမ်းပိုးလာ
ပင်ပန်း နေရှာ။
သို့ပေမယ့် အမေ့မှာ
ရွှင်ကြည်သာ မမော။
သားသမီးပေါ် တကယ်စစ်တဲ့
ချစ်မေတ္တာ ဇော။ ။
တတ်ပညာ သိစရာများ
သင်ကြားလှ နေ့တိုင်းမှာ
အေးငြိမ်း ချိုသာ။
သားသမီးက ရှေ့တန်းပါ
အမေဟာ နောက်တန်း။
စေတနာ မေတ္တာသွေး ကြောင့်
မွေးမေ ရွှင်လန်း။ ။
အမေ အမေ အမေ့ဂုဏ်များ
ပြောကြား၍ ကုန်ဖွယ်မမြင်
လူ့လောကတွင်။
အမေသာလျှင်
မေတ္တာရှင် ဟုတွေး။
ထာဝစဉ်ပါဆို
အမေအို ပျိုနေဆဲကွယ်
အမြဲ ချိုအေး။ ။
" သစ်ရိပ်ညို "
အမေ့ခြေရင်း ပြုစုရင်းနှင့်
အိုခြင်း နာခြင်း သေးခြင်း ဒုက္ခာ
လမ်းပြ သည့် ဇရာ။
အရွယ်အို မပျိုရှာပါ
စိုပြေစွာ အမေ့အသား။
အကြင်နာ ရင်အနှစ်နဲ့
ချစ်တဲ့ စိတ်ထား။ ။
သားသမီးကို ရင်လွယ်သည်မှ
အခြေကျထိ ထမ်းပိုးလာ
ပင်ပန်း နေရှာ။
သို့ပေမယ့် အမေ့မှာ
ရွှင်ကြည်သာ မမော။
သားသမီးပေါ် တကယ်စစ်တဲ့
ချစ်မေတ္တာ ဇော။ ။
တတ်ပညာ သိစရာများ
သင်ကြားလှ နေ့တိုင်းမှာ
အေးငြိမ်း ချိုသာ။
သားသမီးက ရှေ့တန်းပါ
အမေဟာ နောက်တန်း။
စေတနာ မေတ္တာသွေး ကြောင့်
မွေးမေ ရွှင်လန်း။ ။
အမေ အမေ အမေ့ဂုဏ်များ
ပြောကြား၍ ကုန်ဖွယ်မမြင်
လူ့လောကတွင်။
အမေသာလျှင်
မေတ္တာရှင် ဟုတွေး။
ထာဝစဉ်ပါဆို
အမေအို ပျိုနေဆဲကွယ်
အမြဲ ချိုအေး။ ။
" သစ်ရိပ်ညို "
Comments
Post a Comment