တောင်တော်ပါးမှမြစေတီ

" ​တောင်​​တော်​ပါးမှ မြစေတီ "

အရုဏ်​ နံနက်​ ၊ ​နေခြည်​ တက်​ ၍
ရွှေစက်​​ ရွှေရည်​ ၊ ဖြိုးသက်​စည်​ သည့်
စေတီ ဘုရား ၊ ​တောင်​​တော်​အား လျှင်
ညွှတ်​တွား ဦးချ ဖူးရသည်​။

နေ့မှူး ​နေ့လည်​ ၊ မွန်းတည့်​ တည်​၍
ပင်​စည်​ ကိုင်းခက်​ ၊ ပင်​ရိပ်​သက်​ သည့်
မှေးစက်​ တခို ၊ ​တောင်​​တော်​ကို လျှင်
ပင်​ညို ရစ်​သိုင်း ၊ မှိုင်း​တော့သည်​။

နေညို​ စွေးစွေး ၊ ​ရွှေရည်​ ​သွေး၍
ရောင်​​ပြေး ဟပ်​ထင်​ ၊ ဝင်းပရွှင်​ သည့်
ကြည်​လင်​ မြတ်​စွာ ၊ ​စေတီမှာ လျှင်
သဒ္ဓါ ပီတိ ရှိလှသည်​။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်