ဝယ်ကြဦးမလားခင်ဗျာ

" ဝယ်ကြဦးမလား ခင်ဗျာ "

ငွေရှားပြီဆိုမှဖြင့်
နွမ်းပါးတို့ အခက်ဝေ။
အခြေခံ ဘဝလမ်းဝယ်
ဝမ်းရေး က ငွေ။
ငွေတစ္ဆေ
တွေဝေလျက် ရှောင်ပုန်း။
ကန်စွန်းရွက် ရေလုံပြုတ်
ဟင်းလုပ် ခက်တုန်း။ ။

မီးပွိုင့်နားရယ်က
ကားလမ်းဘေး ပန်းဈေးသည်
ပန်းတွဲလေး သယ်။
ဝယ်မလား ဝယ်ကြကွယ်
ပန်းဝယ်ကြ ပါအုံး။
ပန်းလေးတွေ မြှောက်ကာမကာနှင့်
ရောင်းရရှာတုန်း။ ။

တစ်နေကွယ်
တစ်စလည် ဆန်ငကျွဲ
နံကြားထဲ ပျောက်ချင်။
အိမ်သူရှင် သမီးသား
စောင့်စားရော့ထင်။
ပန်းသခင်
နေဝင်တောင် မကုန်သေး။
ငွေဓနရယ်ဖြင့်
ခြေမဝယ် ချွေးကြွေကျသော်လည်း
ဝေးလှ တယ်လေး။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်