အောင်မြေနန်းလှစည်တော်သံ
" အောင်မြေနန်းလှ စည်တော်သံ "
အောင်စည်ဝေ သပြေပန်းတွေဖြင့်
ပွင့်ဝေလန်း လို့ အောင်ကြောင်းဖြာ။
သာသနာ ရောင်ဝါဝင်းတယ်
ကောင်းခြင်းစုံစွာ။
စည်တော်သာ
တင့်ဆန်းစွာ ပြည်မြန်မာ့သား။
ဇမ္ဗူမှာ အောင်စည်ယွန်းတယ်
ထွန်းလင်းစေသား။
ရောင်ခြည်စေ ဆုချွေမှန်း ရင်ဖြင့်
လူ့ပြေနန်း မှာတဲ့ ရွှင်ကြည်သာ။
တို့ပြေရွာ သာယာဖြိုးဖွယ်
တိုးတက် ဖို့ရာ။
မျိုးမြန်မာ
ပေါင်းစုံစွာ တိုင်းရင်းသားတို့
ရွှေမြန်မာ တောင်အာရှမှာ
လှပဖွင့်ထွား။
နောင်အရှည် အောင်စေကြောင်း ကိုဖြင့်
ညောင်ရေလောင်း စို့ မျိုးမေတ္တာ။
တို့သစ္စာ ခိုင်မာမြဲ တယ်
တွဲဆက် လျက်သာ။
ဤကမ ၻာ
တို့မြန်မာ တည်နေသမျှကြွား။
ညီညီညာ ပြည်ဌာနမယ်
ရွှန်းမြ ဆပွား။
ခေါင်အခြေ တထွေလမ်း မှာတဲ့
မသွေလှမ်း ဖို့ ကြိုးစားမှန်။
လုံ့လပျိုး နိုးကြားပါလို့
ရိုးသားရင့်သန်။
ဇာတိမာန်
တို့နိုင်ငံ တိုးတက်ဖို့ပဲ။
ပေါပြည့်လျှံ ကြွယ်ခံတင်းတယ်
သင်းပျံ့ထုံကဲ။
ဆောင်ရေလေ ရွှေငွေသီး ပါတဲ့
တို့မြေကြီးကွဲ့ ပြည်မြန်မာ။
ပြည့်အဝန်း ဝေသွန်းဖြိုးပါလို့
ဖိုးထိုက်တန်စွာ။
ရတနာ
စိမ်းမြနီလာ သီးနှံရွှေပေး။
ပြည်တန်ရာ ပတ္တမြားရယ်
ပေါများလို့လေး။ ။
" သစ်ရိပ်ညို "
အောင်စည်ဝေ သပြေပန်းတွေဖြင့်
ပွင့်ဝေလန်း လို့ အောင်ကြောင်းဖြာ။
သာသနာ ရောင်ဝါဝင်းတယ်
ကောင်းခြင်းစုံစွာ။
စည်တော်သာ
တင့်ဆန်းစွာ ပြည်မြန်မာ့သား။
ဇမ္ဗူမှာ အောင်စည်ယွန်းတယ်
ထွန်းလင်းစေသား။
ရောင်ခြည်စေ ဆုချွေမှန်း ရင်ဖြင့်
လူ့ပြေနန်း မှာတဲ့ ရွှင်ကြည်သာ။
တို့ပြေရွာ သာယာဖြိုးဖွယ်
တိုးတက် ဖို့ရာ။
မျိုးမြန်မာ
ပေါင်းစုံစွာ တိုင်းရင်းသားတို့
ရွှေမြန်မာ တောင်အာရှမှာ
လှပဖွင့်ထွား။
နောင်အရှည် အောင်စေကြောင်း ကိုဖြင့်
ညောင်ရေလောင်း စို့ မျိုးမေတ္တာ။
တို့သစ္စာ ခိုင်မာမြဲ တယ်
တွဲဆက် လျက်သာ။
ဤကမ ၻာ
တို့မြန်မာ တည်နေသမျှကြွား။
ညီညီညာ ပြည်ဌာနမယ်
ရွှန်းမြ ဆပွား။
ခေါင်အခြေ တထွေလမ်း မှာတဲ့
မသွေလှမ်း ဖို့ ကြိုးစားမှန်။
လုံ့လပျိုး နိုးကြားပါလို့
ရိုးသားရင့်သန်။
ဇာတိမာန်
တို့နိုင်ငံ တိုးတက်ဖို့ပဲ။
ပေါပြည့်လျှံ ကြွယ်ခံတင်းတယ်
သင်းပျံ့ထုံကဲ။
ဆောင်ရေလေ ရွှေငွေသီး ပါတဲ့
တို့မြေကြီးကွဲ့ ပြည်မြန်မာ။
ပြည့်အဝန်း ဝေသွန်းဖြိုးပါလို့
ဖိုးထိုက်တန်စွာ။
ရတနာ
စိမ်းမြနီလာ သီးနှံရွှေပေး။
ပြည်တန်ရာ ပတ္တမြားရယ်
ပေါများလို့လေး။ ။
" သစ်ရိပ်ညို "
Comments
Post a Comment