ရသတမျိုးစီ

" ရသ တမျိုးစီ "

ငယ်​တုန်းကများကွာ
စာတစ်​လွှာ ​ပေတစ်​ချို့
ပို့ရ ခက်​တာ။
စာပို့သူ ​စာပါ​သေးလားလို့
မေးရ ခါခါ။
စာတိုက်​ပဲ အားကိုးကာ
စာတို​သာ ပို့ကြ။
တစ်​ပတ်​ခြာ တစ်​လခွဲထိ
စာပဲ မျှော်​ရ။ ။

ခုချိန်​ခါ မြန်​ တာဗျို့
ခုပို့​တော့ ခုလာ
ဒုက္ခ ပဲဗျာ။
ပို့​ပေးဖို့ ခဏတာ
စာ​ရှောင်​ခွာ ​နေဆဲ။
ဘယ်​သူ့ကို ကြူ​နေပါ့ကွယ်
ရှင်းပြ ခက်​ခဲ။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်