ဆန္ဒ

" ဆန္ဒ "

အကြင်နာ ပြုံး
သဒ္ဓါ မှုန်းလို့
သက်လုံး ကြည်နူး မြူးပါစေ။

ပညာ လှုပ်လူး
ဥာဏ် ကြီးမှုး လျက်
ဆွတ်ခူး ပိုင်စိုး တိုးပါစေ။

သဒ္ဓါ မြတ်နိုး
မေတ္တာ မိုးတို့
ဝေဖြိုး ပြည့်လျှမ်း လွှမ်းပါစေ။

မေတ္တာရည် ဆမ်း
သစ္စာ ပန်းတို့
ပြည့်လွှမ်း ကြည်အေး မွှေးပါစေ။

ဂရုဏာ ဆေး
ဓမ္မ တေးနှင့်
တိုက်ကြွေး ရင်နှစ် ချစ်ပါစေ။

အရင်း အမြစ်
ဓမ္မ စစ်၏
အနှစ် ရှာတွေ့ မွေ့ပါစေ။ ။

" သစ်ရိပ်ညို"

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး