အသက်ကြီးဆင်စီးပါ

" အသက်ကြီးဆင်စီးပါ "

ဝိဇ္ဇာ လို လူနတ်သား
ကြွားချင်လှ သူ့အသွင်။
အချိန်ကုန် ငွေကုန် အားငဲ့
သွားတက်ကြည့်ချင်။
ဧဝရက် တောင်ထိပ်တွင်
အလံတင် ထူဖို့အရေး။
ကံမလျော် အသက်ပျောက်
စိုးကြောက် မတွေး။    ။

အန္တရာယ် ဒုက္ခဘေး
ကြီးလေးသည် လူရွယ်။
တောင်ထိပ်ပေါ် ခဏလောက်သာ
လမ်းလျှောက်ရှာတယ်။
ဤနေရာဝယ်
ဒုက္ခနယ် အလွန်ကျဉ်း။
လူရွာပြည် ဒုက္ခတွင်းသာ
သင်း ပြန်လို့ ဆင်း။    ။

လူအရွယ် မငြိမ်ခြင်း
ပြိုဆင်းသည့် ဘဝတာ။
ဆင်ခြင်ရာ ထိုလေးပါး
မမှား စေရာ။
အသက်ကြီး ဆင်စီးဆိုတာ
ဆိုလိုရာ ဆင်ခြင်ရေး။
ကံစိတ်ဥတု အဟာရကို
မျှတ ဖို့လေး။    ။

ဒုက္ခကို ဝယ်မကြွေး
အချိန်ပေး ဆင်ခြင်ရာ။
ပညာကို မြတ်နှလုံးနဲ့
သီကုံး ပန်ပါ။
လူ့ပြည်ရွာ
သင်္ခါရ ချိန်လေး။
စဉ်စားမြင် ဆင်ခြင်အပ်ဖွယ်
မှတ်ကြ လူလေး။    ။

          " သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်