ရွာတောဓလေ့ရိုးရာ

" ရွာတော ဓလေ့ ရိုးရာ "

အညာမြေ ဇနပုဒ်က
လယ်လုပ်တဲ့ ကိုလူမော်
ရိုးသားလှ သနော်။

တိုးပွားကာ ခါးစည်အောင်လို့
နွားညီနောင် နက်နီက
ဘက်ညီမျှ သူ့အဖေါ်။

စိတ်ထားဖြူ သူ့အတွေးဖြင့်
တေးကလေး တကျော်ကျော်
ရွှင်ပျော်ပျော် အော်မြဲ။

မိုးသောက်သော် စိတ်ကြည်လင်
လယ်ယာခွင် နေ့စဉ်သွားလျက်
ကြိုးစားနေဆဲ။ ။

နေညိုရီ တခိုလောက်
ချိန်မှန်ရောက် လယ်တောပြန်
သူ့အိမ်ရပ်ထံ။

နွားညီနောင် ကြိမ်ကိုထောက်လို့
ရွာရိုးတလျောက် သီချင်းသံ
သောသောရယ်ညံ။

စောကြောတဲ့ ဒီနွားရယ်က
ဟဲ့ ဖေ့သား တောက်ခေါက်သံ
အဖန်ဖန် အော်သံကြား။

လူးလူးငယ် ဆင့်ခံရာဝယ်
လွင့်ပျံစွာ ဖုန်မြူလွှမ်းတယ်
လွမ်းဖွယ့်ရွာသား။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်