အမှန်ဆီသို့
" အမှန်ဆီသို့ "
အမှန်ဆီ မှန်းဆရင်းဖြင့်
မြင်ကွင်းအောက် ပျောက်မခံချေ
တောက်လျောက်လိုက်နေ။
လိုက်လေလေ ဝေးလေ
ဉာဏ်စိတ်ဖြေ နေဆဲ။
အမှားကို ခလုပ်တိုက်ကာ
ဘုတ်သိုက် ပြုတ်လဲ။ ။
အမှန်ကို လွန်မြတ်နိုးလို့
ရှေ့တိုးဖို့ တို့ကြံရွယ်
သတိ ချပ်ကွယ်။
ယိမ်းစေနဲ့ မတ်မတ်ရယ်
လမ်းမှန်ဝယ် ဆက်သွား။
အမှားရှောင် အမှောင်တိမ်းကာ
ထိန်းတတ် စေသား။ ။
" သစ်ရိပ်ညို "
အမှန်ဆီ မှန်းဆရင်းဖြင့်
မြင်ကွင်းအောက် ပျောက်မခံချေ
တောက်လျောက်လိုက်နေ။
လိုက်လေလေ ဝေးလေ
ဉာဏ်စိတ်ဖြေ နေဆဲ။
အမှားကို ခလုပ်တိုက်ကာ
ဘုတ်သိုက် ပြုတ်လဲ။ ။
အမှန်ကို လွန်မြတ်နိုးလို့
ရှေ့တိုးဖို့ တို့ကြံရွယ်
သတိ ချပ်ကွယ်။
ယိမ်းစေနဲ့ မတ်မတ်ရယ်
လမ်းမှန်ဝယ် ဆက်သွား။
အမှားရှောင် အမှောင်တိမ်းကာ
ထိန်းတတ် စေသား။ ။
" သစ်ရိပ်ညို "
Comments
Post a Comment