နှစ်သစ်ကူးညမှသည်
" နှစ်သစ်ကူးညမှသည် "
လာလေမယ့် နံနက်ခင်း
ရှင်နေမင်း ဆီးလို့ကြို။
လမင်းမို သစ်လွင်ဖူးစ
နှစ်ဦး ညဉ့်ဗဟို။
နှစ်ဟောင်းကို ဖြို
နှစ်သစ်ကို စောင့်စား။
အားပြည့်ဝ မျှကုသိုလ်
အကုသိုလ် စရိုက်ဆိုးကိုတော့
ချိုးဖျက် စေသား။ ။
ညဥ့်ဦးယံ တစ်ချက်တီး
မြည်ဟီးတဲ့ စည်ပဟိုရ်။
စည်တစ်ရံ နှစ်ရံကြား
ညဥ့်နက် အားပို။
သန်းခေါင်ယံ ညဥ့်ဗဟို
ကြိုပါရဲ့ နှစ်ဦး။
မိုးသောက်ယံ ဆန်အတက်ဝယ်
လင်းကြက် တွန်ကြူး။ ။
အရုဏ်ဖြာ တက်အလင်း
နေမင်းက စကြည်လင်။
အမှောင်ကို ဖြိုဖျက်ခွင်းတော့
ဝင်းပ ရောင်စဉ်။
နှစ်ဦးရင်ပြင်
ရွှန်းလဲ့လွင် ရွှင်လန်း။
မကောင်းမှု ဖိတ်စင်
စိတ်အစဉ် အမှောင်ခွင်းကာ
လင်းမည့် နှစ်ဆန်း။ ။
" သစ်ရိပ်ညို "
လာလေမယ့် နံနက်ခင်း
ရှင်နေမင်း ဆီးလို့ကြို။
လမင်းမို သစ်လွင်ဖူးစ
နှစ်ဦး ညဉ့်ဗဟို။
နှစ်ဟောင်းကို ဖြို
နှစ်သစ်ကို စောင့်စား။
အားပြည့်ဝ မျှကုသိုလ်
အကုသိုလ် စရိုက်ဆိုးကိုတော့
ချိုးဖျက် စေသား။ ။
ညဥ့်ဦးယံ တစ်ချက်တီး
မြည်ဟီးတဲ့ စည်ပဟိုရ်။
စည်တစ်ရံ နှစ်ရံကြား
ညဥ့်နက် အားပို။
သန်းခေါင်ယံ ညဥ့်ဗဟို
ကြိုပါရဲ့ နှစ်ဦး။
မိုးသောက်ယံ ဆန်အတက်ဝယ်
လင်းကြက် တွန်ကြူး။ ။
အရုဏ်ဖြာ တက်အလင်း
နေမင်းက စကြည်လင်။
အမှောင်ကို ဖြိုဖျက်ခွင်းတော့
ဝင်းပ ရောင်စဉ်။
နှစ်ဦးရင်ပြင်
ရွှန်းလဲ့လွင် ရွှင်လန်း။
မကောင်းမှု ဖိတ်စင်
စိတ်အစဉ် အမှောင်ခွင်းကာ
လင်းမည့် နှစ်ဆန်း။ ။
" သစ်ရိပ်ညို "
Comments
Post a Comment