အိုသူတော်ကောင်းအပေါင်းတို့

" အို..သူ​တော်​​ကောင်း အ​ပေါင်းတို့ "

ကိုယ်​လုံဆင်​မြန်း ၊ သီလဆမ်း၍
ဝမ်းပမ်းတသာ ၊ ဤခြုံလွှာကား
ပညာထွတ်​တင်​ ၊ နံ့သာရွှင်​လျက်
တွယ်​ငင်​သဒ္ဓါ ၊ ရတနာသို့
စာဝါကမ္မဋ္ဌာန်း ၊ ဓမ္မပန်းခင်း
လျောင်းနင်းကြွချီ ၊ အာရုံတည်​ကာ
ခြောက်​လီ​ခြောက်​ပါး ၊ မ​ထွေပြားဘဲ
စိတ်​အား​နှောင်​ပိတ်​ ၊ နှုတ်​ရည်​ဆိတ်​လို့
တိုးတိတ်​ချုပ်​​မောင်း ၊ သူ​တော်​​ကောင်းလျှင်
အ​ပေါင်းပြည့်​စုံ ၊ သရဏဂုံဖြင့်
စိတ်​ခြုံပုဝါ ၊ ဤခန္ဓာဝယ်
သာယာ ငြိမ်း​အေး ရှိကြသည်​။ ။

." သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်