ဒေဝဒတ်ဆရာတင်

" ဒေဝဒတ် ဆရာတင် "

သူယုတ်ကို ယှဉ်တွဲတော့
တလွဲတွေ တွေ့တတ်သည်။
ခင်မင်ရာ တရားမဖက်တော့
တရားပျက် ရပြီ။
ဂေါနောနေ ဂေါဖြစ်တည်
နှောပလီ ရစ်ဝဲ။
တရားမရှာသူတွေဖြင့်
မှားတစ်ရာ သဒ္ဓါကင်းလျက်
သင်းပင်း စုမြဲ။ ။

" မြင်သိလျက် ဆက်မိုက်သူ "

အမှားမြင် အမှန်ရှိက
တရားသိ ပြင်သင့်သည်။
အမှန်ကို ရင်မှာထိန်းလို့
သိမ်းထားသင့်သည်။
စံဂုဏ်မညီ
မာန်ဟုန်ဖီ ပုံအရိပ်။
တရားမမြင်
မှားအစဉ် ဥာဏ်ထုံသေးတယ်
စိတ်မွေး အဟိတ်။ ။

" အယူလွဲ "

သဲကန္တာ အာရုံဟပ်ပုံက
တံလျပ်ကို ရေထင်။
မိစ္ဆာလို လိုလောဘ တွေမှ
ဆန္ဒ လိုအင်။
ဟုတ်လိမ့်နိုးပင်
ကိုယ့်အထင် ကုတင်ရွှေနန်း။
အမှားလျှင် အမှန်လုပ်တော့
ဒုက္ခ ဆင်မြန်း။ ။

" လမ်းပြသူနှင့် နောက်လိုက် "

အမှားတွေ ယုံကြဖို့
ပုံပြလို့ ပြောကြရှာ။
အမှန်ကို စုန်ကန်ကြ
ပုန်ကန်မှ အမှန်လာ။
ဒေဝဒတ် ဥာဏ်ပညာ
ပလီပလာ ဥာဏ်သုံး။
အမှားသံသရာ
တရားမမှန်စွာ အမိုက်ဆေးတို့
တိုက်ကြွေး သီကုံး။ ။

" တရားသိ သူ "

စေတနာ သဒ္ဓါတရား
ပွားများသည့် သူတွင်။
သီလဂုဏ် သမာဓိဖြင့်
သတိနှင့် ယှဉ်။
တရားကို ခုံမင်
မှားဂုဏ်အင် ပယ်ရှား။
ကိလေသာ မီးအဟပ်ကို
ကြောက်တတ် လေအား။ ။

" ပြုစုပျိုးထောင်ခြင်း "

ဤအရာ တရားမှောက်တာ
ကြောက်တတ် ကြစေဖွယ်။
ဤအရာ အမှားဖက်က
ရှက်တတ် စွာရယ်။
ရှက်ကြောက်ကို ပျိုးရမယ်
ဆိုးများဖယ် ပြုရေး။
ဤသည်သာ ယဉ်ကျေးမှုကွဲ့
သုခုမ လေး။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်