ယဉ်ကျေးမှု

" ယဉ်​​ကျေးမှု "

(၁)သူ​တော်​​ကောင်း

သူ​တော်​​ကောင်း စိတ်​ထားလှ
ပေါင်းချင်​ကြ ဝန်းကျင်​မှာ။
ကိုယ့်​လိုပင်​ သူ​တော်​ထုံးကို
နှလုံး မူရာ။
လှူတန်းနှင့်​ တရားရှာ
ကောင်းမှူဖြာ ဒွန်​တွဲ။
ငြိမ်း​အေးသာယာစွာဖြင့်
ပြသနာ အပယ်​ကင်းဖွယ်
ပေါင်းသင်း ​နေမြဲ။ ။

(၂)ဆိုးသူ

မ​ကောင်းရာ လူဟူက
စုကြပါ့ တူရာတူရာ။
နှစ်​သက်​ရာ ဆန္ဒဆိုးတွက်
သွေးတိုး ကြည်​သာ။
ရှာ​ဖွေရ လွယ်​ကူကာ
လျှင်​မြန်​စွာ စုစည်း။
ဤသည့်​ပုံ ​နောက်​တစ်​မျိုး
ဆိုးကြ သည်​ချည်း။ ။

(၃)တူရာတူရာ

သာမ​ဏေန သမ​ဏေနော
ဂေါ​နေန ​ဂေါနာ။
ရွှေရှိရာ ​ရွှေ​ရွေ့လျား
ပြဒါး တူစွာ။
တန်​ဖိုးနှင့်​ အဆိပ်​ဟာ
တွယ်​ညိရာ ရှိလည်း။
သူ့အလို သူ့သ​ဘောက
ရောခက်​ သည်​ပဲ။ ။

(၄)တိရစ္ဆာန်

ချစ်​ခင်​ဖွယ်​ လွန်​မြတ်​နိုး
တန်​ဖိုးသင့်​ တိရစ္ဆာန်​။
တိရစ္ဆာန်​ ​ခေါယူ​မွေး
ကျွန်​​သွေး သင့်​ပြန်​။
တိရစ္ဆာန်​ ဟာ တိရစ္ဆာန်
လူသဏ္ဌာန်​ မ​ပြောင်း။
လိမ္မာလာ ဒီ​အကောင်​​လေး​ပေမယ့်
ကျွေး​မွေး မှ ​ကောင်း။ ။

(၅ပျိုး​ထောင်​ ခြင်း

ကိုယ်​ လူပင်​ ကိုယ့်​ရဲ့သား
စိတ်​ထား လှသင်​​စေချင်​။
မလိမ္မာ အမိုက်​​သွေး​ကြောင့်
ရင်​​လေး မိလျှင်​။
သည်းခံ၍ လမ်းမှန်​တွင်
ခေါ်ယူငင်​ တည့်​​ပေး။
သည်​အပင်​ ​ရေစင်​​ကောင်းဖြင့်
ပေါင်းသင်​ ​လောင်း​ပေး။ ။

(၆)လက်​တွဲ​ခေါ်ယူ

မျက်​စိလည်​ ကိုယ့်​အမှား
သိသွားသည့်​ အချိန်​မယ်​။
ဤလူငယ်​ သူ​တော်​​ကောင်း
လမ်း​ကြောင်း ​ပေါ်ဝယ်​။
မျိုးဆက်​​ကောင်း ဖြစ်​လာမယ်
ပျိုး​ထောင်​ဖွယ်​ ​မျှော်​​တွေး။
တိရစ္ဆာန်​ လူပိုင်းခြားကာ
လိုင်းသား စို့​လေး။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်