လပြောင်းရွက်ဝါ

" လ​ပြောင်းရွက်​ဝါ ရာသီပါ "

မြရည်​စိမ့်​တိုး ၊ ချမ်းစိမ့်​ပျိုးလျက်
မြူခိုး​ဝေလျံ ၊ ​ဆောင်း​ဟေမန်​ဝယ်
မြောက်​ပြန်​​လေညင်း ၊ ရိုက်​​ဆော်​သွင်း၍
စိမ့်​ဆင်း​စီးထွေ ၊ ​မြောင်​စမ်း​ရေလျှင်
ဘော်​​ငွေလွလွ ၊ ပနံရသည့်
ဆောင်းလရာသီ စံဋ္ဌာနီ။

ရာသီ "ကုံ"မြဲ ၊ တပို့တွဲ၏
ပေါက်​ လဲ ယှက်​​သွေး ၊ ငှက်​​ရွှေ​ကျေးတို့
ဟစ်​​ကြွေးစီစီ ၊ ဤရာသီ၏
ရာသီရုပ်​ဖမ်း ၊ အိုးထမ်း​ယောက်ျား
စန်းယှဉ်​နက္ခတ်​ ၊ မာဃ ဓာတ်​ဖြင့်
ဆက်​ကပ်​ မီးပွဲ ၊ ထမနဲ။

ရာသီလ​ပြောင်း ၊ မိန်​တ​ပေါင်းမှ
ရုပ်​​ပြောင်းမြစ်​ထက်​ ၊ ငါးကြင်းပွက်​နှင့်
သောင်ဖက်​ကမ်း​ခြေ ၊ သဲပုံ​စေတီ
ပွဲ​နေရာသီ ၊ သရဖီပန်း
စန်းယှဉ်နက္ခတ ၊ ဖလဂုနီ
ရွှေပြည်​ဆယ့်​နှစ်​လ တဖန်​စတည့်​။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်