ကျဘန်းမလေးခင်စန်း
” ကျပန်းမလေး ခင်စန်း ”
ခရီးသည် များ ၊ လူးလာသွား လျက်
ပျားပန်းခတ် မျှ ၊ လှုပ်ရှား ကြသည်
ဘဝ လုံးစုံ ဘူတာရုံ ။
ဘူတာရုံ တွင် ၊ ပစ္စည်းရှင် တို့
ယူငင် ကူဖေး ၊ သယ်ယူ ပေးသည့်
ဈေးသည် ကျပန်း မခင်စန်း။
မခင်စန်း လေး ၊ ထမ်းပိုး ပေးလို့
ငွေလေး တစ်ဆယ် ၊ ထမင်းဝယ် ကာ
နေ့လည် ဝမ်းစာ စားရရှာ။
မဝ ရေစာ ၊ စားရ ရှာသည့်
လွန်စွာ ဆင်းရဲ ၊ ဘူတာ ထဲ၌
အိမ်ပဲ အိပ်ယာ ခုံတန်းသာ။
ခုံတန်း ပေါ်မှာ ၊ တုန်ရီစွာ လျှင်
ဖျားနာ ပူကြီး ၊ ဒုက္ခ မီးဖြင့်
ဖြစ်ပြီး မကြာ ၊ ခဏတာ တွင်
ဘူတာ ရထား ၊ ဆိုက်ရောက် ငြားက
သွား၍ ထမ်းပိုး ၊ ထမင်းဖိုး တွက်
တိုးလျှိုး တောင်းပန် ၊ လုပ်ရ ပြန်သည်
ချိန်မှန် ဘဝ ၊ ရုန်းကန် ရတည့်။
ဘဝ ဘယ်မှာ ၊ ပညာ ပါလဲ
ဥစ္စာ ဘယ်မှာ ၊ ပိုင်ဆိုင် ရာလဲ
ဘာညာ မသိ ၊ သူမ သိတာ
လက်ရှိ လုပ်ရိုး ၊ ငါ ထမ်းပိုး မှ
ဝမ်းအိုး တစ်ထွာ ၊ စားရ မှာမို့
ဘူတာ ကျောရိုး ၊ ခုံတန်း ကျိုးသာ
ငါ့အိုး ငါ့အိမ် ဖြစ်တော့သည်။ ။
” သစ်ရိပ်ညို ”
ခရီးသည် များ ၊ လူးလာသွား လျက်
ပျားပန်းခတ် မျှ ၊ လှုပ်ရှား ကြသည်
ဘဝ လုံးစုံ ဘူတာရုံ ။
ဘူတာရုံ တွင် ၊ ပစ္စည်းရှင် တို့
ယူငင် ကူဖေး ၊ သယ်ယူ ပေးသည့်
ဈေးသည် ကျပန်း မခင်စန်း။
မခင်စန်း လေး ၊ ထမ်းပိုး ပေးလို့
ငွေလေး တစ်ဆယ် ၊ ထမင်းဝယ် ကာ
နေ့လည် ဝမ်းစာ စားရရှာ။
မဝ ရေစာ ၊ စားရ ရှာသည့်
လွန်စွာ ဆင်းရဲ ၊ ဘူတာ ထဲ၌
အိမ်ပဲ အိပ်ယာ ခုံတန်းသာ။
ခုံတန်း ပေါ်မှာ ၊ တုန်ရီစွာ လျှင်
ဖျားနာ ပူကြီး ၊ ဒုက္ခ မီးဖြင့်
ဖြစ်ပြီး မကြာ ၊ ခဏတာ တွင်
ဘူတာ ရထား ၊ ဆိုက်ရောက် ငြားက
သွား၍ ထမ်းပိုး ၊ ထမင်းဖိုး တွက်
တိုးလျှိုး တောင်းပန် ၊ လုပ်ရ ပြန်သည်
ချိန်မှန် ဘဝ ၊ ရုန်းကန် ရတည့်။
ဘဝ ဘယ်မှာ ၊ ပညာ ပါလဲ
ဥစ္စာ ဘယ်မှာ ၊ ပိုင်ဆိုင် ရာလဲ
ဘာညာ မသိ ၊ သူမ သိတာ
လက်ရှိ လုပ်ရိုး ၊ ငါ ထမ်းပိုး မှ
ဝမ်းအိုး တစ်ထွာ ၊ စားရ မှာမို့
ဘူတာ ကျောရိုး ၊ ခုံတန်း ကျိုးသာ
ငါ့အိုး ငါ့အိမ် ဖြစ်တော့သည်။ ။
” သစ်ရိပ်ညို ”
Comments
Post a Comment