ဆောင်းအကုန်နွေအကူးဝယ်

" ​ဆောင်းအကုန်​ ​နွေအကူးဝယ်​ "

ဆောင်းကို မလို ​၊ နွေ မကြိုပဲ
မိုးကို ​မျှော်​၍ တမည့်​သူ။

မျိုး​ဆွေ ကိုပစ်​ ၊ မျိုးခြား ချစ်​လျက်
စင်​စစ်​ ကိုယ်​ကျိုး ရှာမည့်​သူ။

စာ​ပေ အနှစ်​ ၊ ချိုးနှိမ်​ ညစ်​၍
ရင်းမြစ်​ ဇာတိ ​ဖျောက်​မည့်​သူ။

အမျိုး ဘာသာ ၊ သာသနာ ကို
ဘယာ ​ဘေးဆိုး ​ပေးမည့်​သူ။

ယဉ်​​ကျေးမှု အ​မွေ ၊ နင်းဖျက်​​ခြေ ကာ
စိတ်​​တွေ ရိုင်း​အောင်​ လုပ်​မည့်​သူ။

ညီ​စေ​ နောင်​ရင်း ၊ စည်းလုံးခြင်း ကို
ဖြိုခွင်း သပ်​လျှို ခွဲမည့်​သူ။

အိမ်​တွင်း ဒုက္ခ ၊ အိမ်​ပြင်​ ပြလို့
မီးစ တွင်းပြင်​ ရှို့မည့်​သူ။

ညီ​နောင်​ ​မောင်​ဘွား ၊ သမီးသား ကို
နင်းပြား ဖိနှိပ်​ ချိုးမည့်​သူ။

အတ္တ မာန်​မြူ ၊ တံခွန်​ထူ ၍
ကောင်းသူ ဖယ်​ရှား ပြုမည့်​သူ။

စည်းကမ်း ပျက်​​တွေ ၊ ဥပ​ဒေ မှာ
ပြု​စေ ထည့်​သွင်း ​ဖျက်​မည့်​သူ။

အိမ်​တွင်​ မ​ပျော်​ ၊ အိမ်​ပြင်​ ​မျှော်​လျက်
ဧည့်​​ခေါ် တင်​​မြှောက်​ ပင့်​မည့်​သူ။

သား တူ ​နောင်​ရင်း ၊ တို့​သွေးချင်း တို့
အိမ်​တွင်း အိမ်​ပ ၊ နှစ်​ဋ္ဌာန ၌
ညီမျှ မတူ ၊ ​စောင်းနင်း သူ​တွေ
အိမ်​သူ တွင်း၌ ​၊ ပေါများ ထိုက်​လော။

တွင်းလှိုက်​ ချစား ၊ အပြင်​ အား​မျှော်
မျိုးခြား ​ပေါင်းသင်း ၊ ပူ​ဇော်​ခြင်း နှင့်
အတွင်းကို ရှို့ ၊ အပြင်​ ဖို့တွက်
ကျို့ယို့ သူငှါ ၊ ​ပေါများစွာ ​လော။

ဆန်​ရင်း ကြိတ်​ဖွပ်​ ၊ သားစည်​ သွပ်​၍
စည်းလွတ်​ ဝါးကျိုး ၊ ယုတ်​ညံ့ ဆိုးစွာ
အချိုး မ​ပြေ ၊ ကကြိုး ​တွေဖြင့်
အ​မွေ ဖျက်​သူ ၊ ​ပေါများ ဟူ​လော။

သ​လော သ​လော ၊ ​လော​ပေါင်း များစွာ
အပျက်​ အပျက်​ ၊ ဖျက်​​ပေါင်း များစွာ
ထိန်းပါ သိမ်းပါ ၊ ထိန်းသိမ်း ပါရှင့်
စာနာ မြတ်​နိုး ၊ ကိုယ့်​အမျိုး ကို
ကိုယ်​ကျိုး မငဲ့ ၊ ကျိုးမဲ့ မ​စေ
ကျေပွန်​ ဝန်​ထမ်း ၊ ကြိုးစား စမ်းပါ။

သင်​ဟာ လူကွဲ့ ၊ လူနဲ့ ​ကြောင်​​ခွေး
ဘယ်​ဟာ ​ရွေးလို့ ၊ ​ရှေ့​ရေး စဉ်းစား
လုပ်​အား ပြ​သော်​ ၊ သင်​ လူ​တော်​မို့
မ​လျော်​ မသင့်​ ၊ ​ရှေ့​နောက်​ချင့်​ ၍
ဖြစ်​သင့်​ သည်​သာ ၊ လုပ်​ကြ ပါ​လော့။
သင်​ဟာ မိသားစု ဝင်​တည်း။
မြင်​ပါ သိတရား ခုပင်​တည်း။
ပြင်​စရာ ရှိကား ပြုပြင်​တည်း။ ။

" သစ်​ရိပ်​ညို "

Comments

Post a Comment

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်