မြန်မာ့ကျား
” မြန်မာ့ ကျား ”
ကျားထိုးဟန် တစ်ကောင်တည်း
စားနည်း လွယ်လွယ်။
ကျားနှစ်ကောင် ပူးပိတ်ကပ်တော့
အစားရပ်တယ်။
သုံးလုံးဆင့် ထိပ်ကောင်မယ်
ထိုးကြွေးလှယ် လို့ပေး။
ခါးလယ်ကောင် နောက်ခံအားနဲ့
စားလို့ ကွက်ပြေး။ ။
တစ်ကောင်ကြွေး နှစ်ကောင်ရိုက်
တိုက်စစ် ကွက်ပေါ်။
မတိုက်ခင် သတိထားကွဲ့
ခံစစ်အား ဖောက်တတ်သနော်။
ကွက်ထပ်နှင့် ကွက်ညှပ်သော်
မမြင်ကျော် ခံရ နိဂုံး။
တိုက်စစ်တော် ခံစစ်ကျဲပါက
ပွဲလယ် ၌ ရှုံး။ ။
အကွက်ကို တောင်ပံသိမ်းသို့
ဖြန့်ထိန်းလို့ တက်နော်။
ရှေ့ကကောင် နောက်ခံအား
နောက်သားပို့ စေ့မှတော်။
ဥာဏ်သွက်လက် ကျားအကျော်
အကွက်ဖေါ် အလှည့်တွေး။
ကျားအကိုင် အပိုင်ချုပ်ကာ
ထိန်းအုပ် နိုင်လေး။ ။
တစ်ကွက်မှားတက် ပါက
ကျားကွက် အရှုံး။
ကွက်ပေါင်းစုံ စေ့စေ့လေး
တွေးနိုင် မှ ပြုံး။ ။
” သစ်ရိပ်ညို ”
ကျားထိုးဟန် တစ်ကောင်တည်း
စားနည်း လွယ်လွယ်။
ကျားနှစ်ကောင် ပူးပိတ်ကပ်တော့
အစားရပ်တယ်။
သုံးလုံးဆင့် ထိပ်ကောင်မယ်
ထိုးကြွေးလှယ် လို့ပေး။
ခါးလယ်ကောင် နောက်ခံအားနဲ့
စားလို့ ကွက်ပြေး။ ။
တစ်ကောင်ကြွေး နှစ်ကောင်ရိုက်
တိုက်စစ် ကွက်ပေါ်။
မတိုက်ခင် သတိထားကွဲ့
ခံစစ်အား ဖောက်တတ်သနော်။
ကွက်ထပ်နှင့် ကွက်ညှပ်သော်
မမြင်ကျော် ခံရ နိဂုံး။
တိုက်စစ်တော် ခံစစ်ကျဲပါက
ပွဲလယ် ၌ ရှုံး။ ။
အကွက်ကို တောင်ပံသိမ်းသို့
ဖြန့်ထိန်းလို့ တက်နော်။
ရှေ့ကကောင် နောက်ခံအား
နောက်သားပို့ စေ့မှတော်။
ဥာဏ်သွက်လက် ကျားအကျော်
အကွက်ဖေါ် အလှည့်တွေး။
ကျားအကိုင် အပိုင်ချုပ်ကာ
ထိန်းအုပ် နိုင်လေး။ ။
တစ်ကွက်မှားတက် ပါက
ကျားကွက် အရှုံး။
ကွက်ပေါင်းစုံ စေ့စေ့လေး
တွေးနိုင် မှ ပြုံး။ ။
” သစ်ရိပ်ညို ”
Comments
Post a Comment