စိုးစိတ်စွေစွာ

" စိုးစိတ်​​စွေစွာ "

စမ်း​ရေ စီးသံ ၊ ​ကျေးငှက်​ပျံ ၍
တိမ်​ယံ ​ဆော့မြူး ၊ သည်​​နွေဦး ဝယ်
ရင်​စူး နင့်​နင့်​ ​ဆွေးပန်းချီ။

နွေရင်​ ခွင်​ဦး ၊ ​ဝှေ့​လေရူး​ ကြောင့်
ကွန့်​မြူး ညှာ​ချွေ ၊ ဝါရွက်​​ကြွေ တော့
ငါ​လေ မင်းကို လွမ်းတတ်​ပြီ။

ကို​ရွှေ ဥဩ ၊ ငိုသံ​နှော လို့
နစ်​​မျော ​ဝေရီ ၊ ​ဆွေးရိပ်​သီ စဉ်
ဘယ်​ဆီ မင်း​လေး ​ရောက်​​နေသည်​။

သုန်​သုန်​ သုတ်​ဖြူး ၊ ​နွေ​လေ လူးလျှင်
စိတ်​ကူး ​​တွေ​ဝေ ၊ ​မျောလွင့်​ ​နေပြီး
ငါ​လေ မင်းကို တမ်းတသည်​။

လွမ်းစာ ​ဆွေးစာ ၊ ရွက်​လွှင့်​ ကာဖြင့်
တိမ်​လွှာ စမ်း​အေး ၊ ​ကျေးငှက်​​လေးေ​တွ
လေ​သွေး တုန့်​တင်​ ၊ ​ကြွေရွက်​ မြင်​တိုင်း
ချိုလွင်​ ဥဩ ၊ ညက်​ညက်​​ညော နဲ့
သာ​မော ​မွေ့​ပျော်​ ၊ ​လေရူး ​ခေါ်မှ
အ​ဖေါ် မဲ့နွမ်း ၊ မင်းကို တမ်းတ
အလွမ်း မ​ပြေ ၊ သိပ်​ချစ်​ ​နေဟု
ငါ​လေ မင်းကို ​ပြော​တော့မည်​။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်