ဘဝခရီးသည်
" ဘဝခရီးသည် "
ပင်ပန်းဆင်းရဲ ၊ ဒုက္ခဝဲ၌
အံခဲလျက်သာ ၊ ရုန်းရရှာ၍
ဗျာပါသောက ၊ ဘုရားတရင်း
ဘဝများစွာ မြင်ရသည်။
ဆုံလည်ပတ်နွား ၊ ဖြေးဖြေးသွားနှင့်
အင်အားလောဘ ၊ မြန်လိုလှသည့်
ဘဝထိုထို ၊ စိတ်အလိုလျှင်
ဘယ်လို သင်ခန်းစာ ရမည်။
ဥစ္စာစီးပွား ၊ လောဘထား၍
ရှာငြားချွေးစက် ၊ လူ့အသက်ရင်း
နှစ်သက်ခြင်းမှ ၊ လိုတရဟု
မြင်ကြခဏ ကုန်လိမ့်မည်။
ဒေါသနှင့်ရှာ ၊ ဒုက္ခလာလိမ့်
မောဟနှင့်ရှာ ၊ သောကလာလိမ့်
လောဘနှင့်ရှာ ၊ ဇောကြွလာလိမ့်
ပညာမတိုး ၊ ဥစ္စာမျိုးဖြင့်
တန်ဘိုးမဲ့စွာ ၊ ပျောက်ပျက်ပါသည်
သေရွာလမ်းက ခရီးသည်။ ။
" သစ်ရိပ်ညို "
ပင်ပန်းဆင်းရဲ ၊ ဒုက္ခဝဲ၌
အံခဲလျက်သာ ၊ ရုန်းရရှာ၍
ဗျာပါသောက ၊ ဘုရားတရင်း
ဘဝများစွာ မြင်ရသည်။
ဆုံလည်ပတ်နွား ၊ ဖြေးဖြေးသွားနှင့်
အင်အားလောဘ ၊ မြန်လိုလှသည့်
ဘဝထိုထို ၊ စိတ်အလိုလျှင်
ဘယ်လို သင်ခန်းစာ ရမည်။
ဥစ္စာစီးပွား ၊ လောဘထား၍
ရှာငြားချွေးစက် ၊ လူ့အသက်ရင်း
နှစ်သက်ခြင်းမှ ၊ လိုတရဟု
မြင်ကြခဏ ကုန်လိမ့်မည်။
ဒေါသနှင့်ရှာ ၊ ဒုက္ခလာလိမ့်
မောဟနှင့်ရှာ ၊ သောကလာလိမ့်
လောဘနှင့်ရှာ ၊ ဇောကြွလာလိမ့်
ပညာမတိုး ၊ ဥစ္စာမျိုးဖြင့်
တန်ဘိုးမဲ့စွာ ၊ ပျောက်ပျက်ပါသည်
သေရွာလမ်းက ခရီးသည်။ ။
" သစ်ရိပ်ညို "
Comments
Post a Comment