တိုင်းပြည်၏ရတနာ
” တိုင်းပြည်၏ ရတနာ ”
ညဥ့်ယံ သုံးစိတ် ၊ တစ်ရံ အိပ်သည့်
ပြည့်ထိပ် ဦးသျှောင် ၊ ရာဇ ဘောင်သွင်
ညဥ့်ခေါင် ဦးတိုက် ၊ နွားတစ်သိုက် နှင့်
အားစိုက် ထွန်ရေး ၊ လုံ့လ မွေးသည့်
ယာလေး ကိုင်းထွင် လယ်တောရှင်။
ဆောင်းလေ အေးလျက် ၊ ဤနံနက် တွင်
ဝန်းစက် ရောင်နီ ၊ တောင်ကြော ဆီမှ
လူရည် ခန့်သော ၊ လူညိုချော သည်
လယ်တော မှပြန် ၊ ထွန်ရေး လှန်သော်
ချွေးသန် ရွှဲရွှဲ ရှိလှသည်။
သူ၏ လုပ်အား ၊ ပြည့်ခွန်အား တည့်
စားနပ် ရိက္ခာ ၊ မဏ္ဍိုင် သာတည့်။
လူ့ရွာ ကောင်းကျိုး ၊ အားဖြင့် ပျိုးကာ
နှိမ်ချိုး မှုဒါဏ် ၊ ရင်ကော့ ခံ၏။
တစ်ရံ တစ်ဆစ် ၊ သူ မလှစ် ဘဲ
ရင်နှစ် သည်းချာ ၊ ရတနာ ကို
ပြည့်ရွာ မင်းလောင်း ကောင်းသင့်သည်။ ။
” သစ်ရိပ်ညို ”
ညဥ့်ယံ သုံးစိတ် ၊ တစ်ရံ အိပ်သည့်
ပြည့်ထိပ် ဦးသျှောင် ၊ ရာဇ ဘောင်သွင်
ညဥ့်ခေါင် ဦးတိုက် ၊ နွားတစ်သိုက် နှင့်
အားစိုက် ထွန်ရေး ၊ လုံ့လ မွေးသည့်
ယာလေး ကိုင်းထွင် လယ်တောရှင်။
ဆောင်းလေ အေးလျက် ၊ ဤနံနက် တွင်
ဝန်းစက် ရောင်နီ ၊ တောင်ကြော ဆီမှ
လူရည် ခန့်သော ၊ လူညိုချော သည်
လယ်တော မှပြန် ၊ ထွန်ရေး လှန်သော်
ချွေးသန် ရွှဲရွှဲ ရှိလှသည်။
သူ၏ လုပ်အား ၊ ပြည့်ခွန်အား တည့်
စားနပ် ရိက္ခာ ၊ မဏ္ဍိုင် သာတည့်။
လူ့ရွာ ကောင်းကျိုး ၊ အားဖြင့် ပျိုးကာ
နှိမ်ချိုး မှုဒါဏ် ၊ ရင်ကော့ ခံ၏။
တစ်ရံ တစ်ဆစ် ၊ သူ မလှစ် ဘဲ
ရင်နှစ် သည်းချာ ၊ ရတနာ ကို
ပြည့်ရွာ မင်းလောင်း ကောင်းသင့်သည်။ ။
” သစ်ရိပ်ညို ”
Comments
Post a Comment