သာသနာ့ဒါယိကာများ
" သာသနာ့ဒါယိကာများ "
နေ့ရက်လိမ့်လူး ၊ နွေရည်လူးရင်း
လှုပ်ကူးဂိမှာန် ၊ နွေဇိမ်ခံလျက်
တိမ်ပျံတောင်ညွန့် ၊ အနားတွန့်ဖြင့်
လူးလွန့်ဒီရေ ၊ လှိုင်းကပ်စေရာ
သောင်ခြေကမ်းစပ် ၊ တောင်လေခတ်ရင်း
မြောက်ရပ်သို့ချီ ၊ ကမ်းစစ်သည်တို့
ခါမီသင်္ကြန် မိုးသို့တည်း။
သွေ့အက်သိမ့်မူး ၊ လယ်မြေနူးအောင်
ရေကူးပေါင်းသင် ၊ ဆည်ရေတင်လျက်
ငွေပင်ငွေရင်း ၊ ရွှေစင်ဝင်းသည့်
ကောက်ရင်းစပါး ၊ ကောက်နှံစားလျှင်
နေစားမခြောက် ၊ စိမ်းစိုပေါက်လျက်
မိုးအောက်လယ်ယာ ၊ ပြည့်မီစွာဖြင့်
ရာသီခင်းမှန် ပျိုးသို့တည်း။ ။
ရှေ့ဆက်ငြိမ့်မြူး ၊ မင်းလွင်ဦး၌
လေရူးသံစဉ် ၊ ခြူသံလွင်သည့်
ရွာစဉ်လှူမြဲ ၊ ရှင်ပြုပွဲနှင့်
ရင်ထဲသာသနာ ၊ တို့မြန်မာလျှင်
ဝါရည်သင်္ကန်း ၊ သပိတ်ထမ်းလျက်
ဝမ်းပမ်းတသာ ၊ လန်းဆန်းဖြာသည်
ရွာကျီတင်းခံ တိုးသို့တည်း။
" သစ်ရိပ်ညို "
နေ့ရက်လိမ့်လူး ၊ နွေရည်လူးရင်း
လှုပ်ကူးဂိမှာန် ၊ နွေဇိမ်ခံလျက်
တိမ်ပျံတောင်ညွန့် ၊ အနားတွန့်ဖြင့်
လူးလွန့်ဒီရေ ၊ လှိုင်းကပ်စေရာ
သောင်ခြေကမ်းစပ် ၊ တောင်လေခတ်ရင်း
မြောက်ရပ်သို့ချီ ၊ ကမ်းစစ်သည်တို့
ခါမီသင်္ကြန် မိုးသို့တည်း။
သွေ့အက်သိမ့်မူး ၊ လယ်မြေနူးအောင်
ရေကူးပေါင်းသင် ၊ ဆည်ရေတင်လျက်
ငွေပင်ငွေရင်း ၊ ရွှေစင်ဝင်းသည့်
ကောက်ရင်းစပါး ၊ ကောက်နှံစားလျှင်
နေစားမခြောက် ၊ စိမ်းစိုပေါက်လျက်
မိုးအောက်လယ်ယာ ၊ ပြည့်မီစွာဖြင့်
ရာသီခင်းမှန် ပျိုးသို့တည်း။ ။
ရှေ့ဆက်ငြိမ့်မြူး ၊ မင်းလွင်ဦး၌
လေရူးသံစဉ် ၊ ခြူသံလွင်သည့်
ရွာစဉ်လှူမြဲ ၊ ရှင်ပြုပွဲနှင့်
ရင်ထဲသာသနာ ၊ တို့မြန်မာလျှင်
ဝါရည်သင်္ကန်း ၊ သပိတ်ထမ်းလျက်
ဝမ်းပမ်းတသာ ၊ လန်းဆန်းဖြာသည်
ရွာကျီတင်းခံ တိုးသို့တည်း။
" သစ်ရိပ်ညို "
Comments
Post a Comment