ပင်ပျိုနှင့်ပင်အို

” ပင်အို နှင့် ပင်ပျို ”

ပင်အို ငုတ်တို ၊ တက်ညှောက် ပျိုဖြင့်
ရွက်စို ပင်များ ပေါက်လာ၏။

ပင်အို အနား ၊ သုံးလံ ခြားက
ပင်ထွား သစ်ငယ် ပင်ပေါက်၏။

ပင်အို အတက် ၊ အစုံ ထွက်၍
ပင်တက် နှေးကာ ရှိနေ ရှာ၏။

ငယ်သစ် ပင်ပျို ၊ တုနှိုင်း ဆိုလျက်
ပင်အို သက်ကြား ၊ ပင်ထွက် အားနည်း
ငါကား စွင့်တည် ၊ တက်လေ သည်ဟု
အော်မြည် ဟစ်ကြွေး ရှိချေ၏။

ပင်ပျို သက်ငယ် ၊ မင်း အရွယ် က
ငါ့မယ် ပိုထွား ၊ ပိုစွင့် ကား၏။

ခုမှာ သေးနုပ် ၊ ငါကား ငုတ်တို
မြက်ဖုတ် လိုပင် ၊ အတက် သွင်ဖြင့်
ဖွာပင် လန်လည်း နေတတ်ပြီ။

ရက်လ နှစ်ပြောင်း ၊ ပင် သစ်လောင်း မှာ
ထောင်းထောင်း သန်စွမ်း ၊ ဖြောင့်ဖြောင့် တန်းမျှ
လွှမ်းမိုး စည်ဝေ ရှိလှသည်။

ပင်အို မှာကား....
ရိုးတံ ကိုင်းကိုင်း ၊ နွယ်သစ် ရိုင်းသို့
အုံ့ဆိုင်း စိပ်စိပ် ၊ အပင် ရိပ်ဖြင့်
တိတ်ဆိတ်ညင်သာ ရှိလှသည်။

များ မကြာမီ ၊ သစ်ခုတ်သည် တို့
ဖြောင့်တည် ဝင်းမွတ် ၊ ပင်ပျို ထွတ်ကို
စိတ်လွတ် ကိုယ်လွတ် ဖြတ်ခုတ်သည်။

သံသရာ မှာ ၊ ဖန်လာ စက်ဝဲ
ငါပဲ မာန်လို ၊ သစ်ပင် ပျိုမှာ
ငုတ်တို ဘဝ ၊ ပြန်၍ စရန်
ရိပ်ကျ ပင်အို ၊ လောင်းရိပ် ကိုပင်
ကျော်လို သတ္တိ ၊ အားမရှိ ၍
ဒုက္ခိတ လျှင် ၊ သစ်ငုတ် ပင်သည်
သစ်လွင် ညှောက်ပေါက် ခက်တော့သည်။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်