ရှင်သန်ခြင်း
" ရှင်သန်ခြင်း "
သဘာဝကို ဘဝအပ်တော့
ကိလေသာဓာတ် ကပ်ကာဝင်
ရုန်း တတ်လိမ့် ထင်။
မကောင်းမှု ကောင်းမှုသွင်
ဆင်ခြင်ဥာဏ် ရှုရင်း။
မကောင်းရာ အလွှာပါးကို
ပိုင်းခြား သိခြင်း။ ။
ကိလေသာ ဘဝအပ်တော့
ဘဝမှတ် ကိလေသာ
ပျော်မွေ့ တော့တာ။
သဘောတွေ့ မေ့လျော့စွာ
ကိလေသာ လောင်မြိုက်။
စိတ်အပူ ဆူဝေလျက်ကယ်
ပွက်ပွက်ဆူ လှိုက်။ ။
မကောင်းရာ ပြာပူအုပ်
ညွှန်အတုပ် ရေမြုပ်သွင်
ငရဲသို့ ပင်။
ကျွန်စုပ်သည့် သရက်စိလျှင်
ပြောင်စင်သည့် ကောင်းမှု။
မကောင်းရာ တဏှာကြွေးလျက်
မွေး မြူ ပြုစု။ ။
ကောင်းဖို့ရာ လူအများ
ကြိုးစားကြ စမ်းပါ
အားတင်း ထားကွာ။
မကောင်းမှု မြှူစွယ်လာ
စိတ်မပါ စေပါနှင့်။
ကိုယ့်စိတ်ကို တိုင်ခြေချုပ်ကာ
ကြိုးတုတ်ခြင်း ဖြင့်။ ။
မပင်ပန်းပါ ဘူးကွဲ့
သင်ခန်းစာ ကြည့်ပါ။
တောင်ကျရေ ဒလဟော
မျောကျ လာရာ။
အခိုင်အမာ
ကျောက်ဆောင်ဟာ စိတ်ပဲ။
မယိမ်းယိုင် ဟန်မပျက်ကွယ်
ပန်းပန် လျက်ပဲ။ ။
" သစ်ရိပ်ညို "
သဘာဝကို ဘဝအပ်တော့
ကိလေသာဓာတ် ကပ်ကာဝင်
ရုန်း တတ်လိမ့် ထင်။
မကောင်းမှု ကောင်းမှုသွင်
ဆင်ခြင်ဥာဏ် ရှုရင်း။
မကောင်းရာ အလွှာပါးကို
ပိုင်းခြား သိခြင်း။ ။
ကိလေသာ ဘဝအပ်တော့
ဘဝမှတ် ကိလေသာ
ပျော်မွေ့ တော့တာ။
သဘောတွေ့ မေ့လျော့စွာ
ကိလေသာ လောင်မြိုက်။
စိတ်အပူ ဆူဝေလျက်ကယ်
ပွက်ပွက်ဆူ လှိုက်။ ။
မကောင်းရာ ပြာပူအုပ်
ညွှန်အတုပ် ရေမြုပ်သွင်
ငရဲသို့ ပင်။
ကျွန်စုပ်သည့် သရက်စိလျှင်
ပြောင်စင်သည့် ကောင်းမှု။
မကောင်းရာ တဏှာကြွေးလျက်
မွေး မြူ ပြုစု။ ။
ကောင်းဖို့ရာ လူအများ
ကြိုးစားကြ စမ်းပါ
အားတင်း ထားကွာ။
မကောင်းမှု မြှူစွယ်လာ
စိတ်မပါ စေပါနှင့်။
ကိုယ့်စိတ်ကို တိုင်ခြေချုပ်ကာ
ကြိုးတုတ်ခြင်း ဖြင့်။ ။
မပင်ပန်းပါ ဘူးကွဲ့
သင်ခန်းစာ ကြည့်ပါ။
တောင်ကျရေ ဒလဟော
မျောကျ လာရာ။
အခိုင်အမာ
ကျောက်ဆောင်ဟာ စိတ်ပဲ။
မယိမ်းယိုင် ဟန်မပျက်ကွယ်
ပန်းပန် လျက်ပဲ။ ။
" သစ်ရိပ်ညို "
Comments
Post a Comment