ဘယ်တော့မှအနိုင်မယူနိုင်
" ဘယ်တော့မှ အနိုင်မယူနိုင် "
လူ့စိတ်မှာ
နှစ်ဖြာနှစ်ဖက်။
ဓမ္မ ရယ် အဓမ္မ
အလှည့်ကျ စွက်။ ။
တောင်မြောက်ညွှန်း ဦးတိုက်တဲ့
သံလိုက် အိမ်မြှောင်။
သူ့ဟန်မူ ဘက်မယိမ်း
တိမ်းစောင်း လို့ မယောင်။
တောင်ဖက်ပြ အရပ် တောင်
မြောက်ဖက်ဆောင် ယောင်လို့မညွှန်း။
လှည့်စားသူ အယူစိမ်းက
တိမ်းညွှတ် ဆွယ်မတွန်း။ ။
ဓမ္မဟာ ဘယ်ခါမှ
အဓမ္မ ဘက်မယိုင်။
တရားကို မတရားတို့
အားဖြင့် မနိုင်။
တရားဓမ္မ မဏ္ဍိုင်
ခိုင်မာစွာ ရှိမြဲ။
လှည့်စားသူ ဤလူရှုပ်တို့
ထိန်းချုပ် ခက်ခဲ။ ။
တမာကို သကာဖုံး
အချိုပြုန်း ကုန်လျှင်။
တမာဓာတ် ထိုအခါး
လျှာဖြား မှာတင်။
ပမာလျှင်
ထင်မြင်သည့် မတရား။
အချိန်တန် အဓမ္မ တို့
ဒိဋ္ဌ ကွယ်သွား။ ။
" သစ်ရိပ်ညို "
လူ့စိတ်မှာ
နှစ်ဖြာနှစ်ဖက်။
ဓမ္မ ရယ် အဓမ္မ
အလှည့်ကျ စွက်။ ။
တောင်မြောက်ညွှန်း ဦးတိုက်တဲ့
သံလိုက် အိမ်မြှောင်။
သူ့ဟန်မူ ဘက်မယိမ်း
တိမ်းစောင်း လို့ မယောင်။
တောင်ဖက်ပြ အရပ် တောင်
မြောက်ဖက်ဆောင် ယောင်လို့မညွှန်း။
လှည့်စားသူ အယူစိမ်းက
တိမ်းညွှတ် ဆွယ်မတွန်း။ ။
ဓမ္မဟာ ဘယ်ခါမှ
အဓမ္မ ဘက်မယိုင်။
တရားကို မတရားတို့
အားဖြင့် မနိုင်။
တရားဓမ္မ မဏ္ဍိုင်
ခိုင်မာစွာ ရှိမြဲ။
လှည့်စားသူ ဤလူရှုပ်တို့
ထိန်းချုပ် ခက်ခဲ။ ။
တမာကို သကာဖုံး
အချိုပြုန်း ကုန်လျှင်။
တမာဓာတ် ထိုအခါး
လျှာဖြား မှာတင်။
ပမာလျှင်
ထင်မြင်သည့် မတရား။
အချိန်တန် အဓမ္မ တို့
ဒိဋ္ဌ ကွယ်သွား။ ။
" သစ်ရိပ်ညို "
Comments
Post a Comment