မသုံးအပ်ပါ

" မသုံးအပ်ပါ "

အခစား
အားမရပေါင်။
သစ္စာကို မျက်ကွယ်ပြု
သမုဒယနှောင်။
သည်အဆောင်
မဲမှောင်ရည် အဆိပ်။
ပြောင်းအဆောင် နောက်တစ်မျိုး
ပုပ်သိုး မနိပ်။ ။

" ဖုတ်တစ္ဆေ "

ရှေ့တစ်မျိုး
နောက်အချိုး မမှန်။
စေတနာ သဒ္ဓါပျက်
ညှိုးချက်ရယ်သန်။
အတွင်းရန်
ခွင်းတန်က ခွင်း။
ဂုတ်အခံ လုပ်ကြံယုတ်
သွေးစုပ် ဖုတ်သွင်း။ ။

" ထိမှနာ "

လူ့စိတ်မှ
အတ္တဝန်ချီ။
အတ္တဖြာ သူတစ်ပါး
ထိပါး စေသည်။
လှည့်ကြုံမည်
ခံနိုင်ရည်မွဲ။
ထိုချိန်မှ မြတ်တရား
လိုလား လေမြဲ။ ။

" ထိမှနာ "

မသနား
ထောက်ထားမညှာ။
ကိုယ့်ထိမှ ဘုရားတ
များလှ သူငါ။
သာချိန်မှာ
အဝိဇ္ဇာ တဏှာဖုံး။
ခံယူချိန် အနာကြွမှ
တရားရ ထုံး။ ။

" မာယာ "

တရားကို ဖင်ခုထား
မတရား လက်ကိုင်။
သိလျက်နှင့် အမှောင်ဖုံး
သုံးသည့် မဏ္ဍိုင်။
သူမနိုင်
ထိုင်ငိုမှပဲ။
တရားကို သတိရ၍
ထုတ်ပြတတ်မြဲ။ ။

" အကွက်လှစေ "

ထားသတိ
များကျိုး ကြည့်စမ်းပါ။
တရားခင် စဉ်မပြတ်
ခါးပတ်၍သာ။
ငြိမ်းအေးချမ်းသာ
များသူငါ အတွက်။
ဝန်းကျင်ကို ကောင်းအောင်ပျိုး
ရိုးသည့် အကွက်။ ။

" တရားရေး "

မတရား
ချစားရွှင်ပျော်။
စုံညီစွာ ယုတ်တရား
ပွားများကြသော်။
တရားမပျော်
မှားအဖော် အပေါင်း။
တရားလို ဓမ္မစစ်သာ
ချစ်စေလိုကြောင်း။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်