မိခင်

" မိခင် "

အမှောင်ဖယ်ရှင်း
ရောင်အလင်းဖြင့်
ရင်တွင်းမေတ္တာ ပြည့်ဝသူ။

မီးတောက်ရှိုက်နမ်း
မညှိုးနွမ်းသော
မိုးဆမ်းပန်းလို လန်းသည့်သူ။

ပင်လယ်သမုဒ်
သူနစ်မြုပ်တောင်
ဒုက္ခရင်ဆိုင် စွန့်ရဲသူ။

ချစ်ခြင်းမေတ္တာ
စေတနာနှင့်
စာနာနားလည် တတ်လွန်းသူ။

ရင်ဝယ်စုံမက်
ပန်းသီလက်ဖြင့်
နှစ်သက်ကြင်နာ မြတ်နိုးသူ။

မေတ္တာဝန်ထမ်း
လွန်ပင်ပန်းလည်း
ဆင်ကန်းတောတိုး မကြောက်သူ။

နို့ချိုတိုက်ကြွေး
ကြည်လင်အေးစွာ
ရင်သွေးရှေ့ဆောင် လမ်းပြသူ။

ငြိမ်သက်လဲလျောင်း ၊ အတောင်ညောင်းသို့
စိတ်ထောင်းကိုယ်ကြေ ၊ သောကဝေလည်း
(အမေ...အမေ)
မွေးမေမေလျှင် ၊ သီတာရွှင်လျက်
ရေစင်တစ်ပေါက် ၊ မြရည်သောက်နှယ်
ဝမ်းမြောက်ကြည်ဟန် ၊ ဆင်းသဏ္ဌာန်သည်
နှိုင်းရန်မရှိ ၊ ပကတိပင်
သတ္တိဂုဏ်တင် ကျေးဇူးရှင်။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်