သက်ကြီးပူဇော်ပွဲ

” သက်ကြီးပူဇော်ပွဲ ”

ချုံးချုံးကျ အမယ်အို
နေညိုရော့ သလား။
ချုံးချုံးကျ ဘဖိုးအို
ရွယ်အိုပေါ့ လျပါး။

သမီးတစ်ရာ ပြုစုလျက်ကယ်
ငဲ့ကွက် စိတ်ထား။
သားတစ်ရာ ဝိုင်းကူထောက်လို့
စောင့်ရှောက် စို့လား။

လှူကြမယ် စဉ်မပျက်
အမေအိုတွက် တို့ဝန်တာ
အဖေအိုတွက် တို့ဝန်တာ
ကျန်းမာ ဖို့ရာ။

ဘိုးဘွားတွေ ထောက်ပံ့စို့ဗျာ
အားတက်စွာ ပါဝင်မလား။

သက်တန်းစေ့ ရှည်ကြာ
ကျန်းမာစွာ ချမ်းသာကြောင်းရယ်ဖြင့်
တောင်းဆု ပန်ကြား။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်