မြန်မာစစ်သားအာဇာနည်
" မြန်မာ စစ်သား အာဇာနည် "
မျိုးဆွေသက်လျာ ၊ သားတစ်ရာကား
ဇာနည်စစ်သွေး ၊ မျိုးသားရေးတွက်
ပေးဆပ်ဂုဏ်ရည် ၊ အာဇာနည်ဟု
ရပ်တည်ခဲ့တာ ကြာလေပြီ။
ရပ်တည်မူကွဲ ၊ အသားထဲက
ယင်မဲသားစုံ ၊ လောက်ဖြစ်ကုန်သည့်
ငွေပုံခြေချုပ် ၊ လက်ကိုင်တုတ်တို့
မျိုးယုတ်တွေလည်း တိုက်ရသည်။
မျိုယုတ်ကပ်ပိ ၊ ဆိတ်အစိသို့
ကပ်မိကပ်ပယ် ၊ ဆိုးကြိုးသယ်သည့်
ခင်တွယ်ကိုယ်ကျိုး ၊ ငတေမျိုးတို့
ပြည်ကျိုးရန်စွယ် ဖယ်ရသည်။
ပြည်ကျိုးဂုဏ်အင် ၊ မျိုးရင်ပြင်၏
ယဉ်ကျေးမှုထုံး ၊ ဓလေ့သုံးဝယ်
ရှေးဘုန်းစံပျော် ၊ တရားတော်ညီ
မြင်မြော်ပသ ရှိရသည်။
မြင်မြော်မျိုးမြတ် ၊ ပညာတတ်နှင့်
တောရပ်တောင်သူ ၊ မြို့ပေါ်လူတို့
မပူငြိမ်းချမ်း ၊ ဘဝလန်းဖို့
ဝန်ထမ်းကာကွယ် ကြရသည်။
ဝန်ထမ်းအခ ၊ ပြားတစ်စဖြင့်
ဘဝပေးလှူ ၊ အင်္ဂါလှူလျက်
ကူညီလုပ်အား ၊ တတ်စွမ်းအားနဲ့
ဆောင်ထားကောင်းစိတ် မွေးရသည်။
ဆောင်ထားဘဝ ၊ တည်ဆောက်ကြရာ
မယားဇနီး ၊ သားသမီးလည်း
ကိုယ့်နည်းနှင်နှင် ၊ စည်းကမ်းယှဉ်သည့်
ပြည့်အင်ပြည့်အား ၊ ပြည်သူ့သားဟု
ရှိထားစိတ်ဓာတ် ၊ သစ္စာအပ်၍
ပုံထပ်ဘဝ ၊ စစ်သားဇဖြင့်
လုံ့လကိုသွေး ၊ သွေးနီစွေးလျက်
ပြည်ရေးပြည်ရာ ၊ ထမ်းရွက်ပါသည့်
မြန်မာစစ်သား အာဇာနည်။ ။
" သစ်ရိပ်ညို "
မျိုးဆွေသက်လျာ ၊ သားတစ်ရာကား
ဇာနည်စစ်သွေး ၊ မျိုးသားရေးတွက်
ပေးဆပ်ဂုဏ်ရည် ၊ အာဇာနည်ဟု
ရပ်တည်ခဲ့တာ ကြာလေပြီ။
ရပ်တည်မူကွဲ ၊ အသားထဲက
ယင်မဲသားစုံ ၊ လောက်ဖြစ်ကုန်သည့်
ငွေပုံခြေချုပ် ၊ လက်ကိုင်တုတ်တို့
မျိုးယုတ်တွေလည်း တိုက်ရသည်။
မျိုယုတ်ကပ်ပိ ၊ ဆိတ်အစိသို့
ကပ်မိကပ်ပယ် ၊ ဆိုးကြိုးသယ်သည့်
ခင်တွယ်ကိုယ်ကျိုး ၊ ငတေမျိုးတို့
ပြည်ကျိုးရန်စွယ် ဖယ်ရသည်။
ပြည်ကျိုးဂုဏ်အင် ၊ မျိုးရင်ပြင်၏
ယဉ်ကျေးမှုထုံး ၊ ဓလေ့သုံးဝယ်
ရှေးဘုန်းစံပျော် ၊ တရားတော်ညီ
မြင်မြော်ပသ ရှိရသည်။
မြင်မြော်မျိုးမြတ် ၊ ပညာတတ်နှင့်
တောရပ်တောင်သူ ၊ မြို့ပေါ်လူတို့
မပူငြိမ်းချမ်း ၊ ဘဝလန်းဖို့
ဝန်ထမ်းကာကွယ် ကြရသည်။
ဝန်ထမ်းအခ ၊ ပြားတစ်စဖြင့်
ဘဝပေးလှူ ၊ အင်္ဂါလှူလျက်
ကူညီလုပ်အား ၊ တတ်စွမ်းအားနဲ့
ဆောင်ထားကောင်းစိတ် မွေးရသည်။
ဆောင်ထားဘဝ ၊ တည်ဆောက်ကြရာ
မယားဇနီး ၊ သားသမီးလည်း
ကိုယ့်နည်းနှင်နှင် ၊ စည်းကမ်းယှဉ်သည့်
ပြည့်အင်ပြည့်အား ၊ ပြည်သူ့သားဟု
ရှိထားစိတ်ဓာတ် ၊ သစ္စာအပ်၍
ပုံထပ်ဘဝ ၊ စစ်သားဇဖြင့်
လုံ့လကိုသွေး ၊ သွေးနီစွေးလျက်
ပြည်ရေးပြည်ရာ ၊ ထမ်းရွက်ပါသည့်
မြန်မာစစ်သား အာဇာနည်။ ။
" သစ်ရိပ်ညို "
Comments
Post a Comment