ပိုင်နက်

” ပိုင်နက် ”

ကိုးတောင်ကျားနှင့် ဆယ်တောင်ကျား
အင်အားက မကွာလှချေ။
သူ့နေရာ မြေပိုင်နက်
တွက်ချက် မှတ်ပေ။
အင်အားကိုစေ
သားကောင်တွေ ဖမ်းစား။
သူ့နယ်မြေ ရင်းအမြစ်မှာဖြင့်
ဘုရင် တစ်ပါး။ ။

တောင်ကိုးလုံးမှာဖြင့်
ငါးလုံးက ဆယ်တောင်ကျား
ကိုးတောင်ကျား လေးလုံးပိုင်။
စည်းနေရာ ချောင်းငယ်အား
ပိုင်းခြား သက်ဆိုင်။
ကမ်းဘယ်ညာ ချောင်းရေအိုင်
အားမပြိုင် ရေသောက်ဆင်း။
နယ်မြေပိုင် ကျော်မကျူးတယ်
ထူးဘိ လေခြင်း။ ။

ချောင်းရေတိမ် တစ်ဖက်ကမ်းက
ဂျီ ဖမ်းသည့် ကျားဆယ်တောင်။
မပိုင်နိုင် ဂျီငယ်ဖမ်းတော့
တဖက်ကမ်း တိမ်းရှောင်။
လွတ်သွားလို့ လောဘအမှောင်
ဆယ်တောင်မှာ စည်းကျော်ကူး။
ကိုးတောင်ရှင် အပိုင်စောင့်တာ
ဇောကြောင့် သိဘူး။ ။

ဂျီကိုသာ အရုံစိုက်တဲ့
ထိုကျားမိုက်မှာ။
သူ့လည်တိုင် အပိုင်ကိုက်မှ
သိလိုက်ရတာ။
သိနောက်ကျ ဆယ်တောင်ခမျာ
လည်တိုင်မှာ သွေးထောင်ပန်း။
ယှဉ်ပြိုင်ရန် အားကုန်လျက်ကယ်
သက်ထွက် သေပန်း။ ။

မကျော်ကျူးကြပါနဲ့
ဪ ရူးတဲ့သူတွေကိုဖြင့်
တွန်းလှန် သင့်ပေ။
တို့မြန်မာပြေ
ရေမြေဟာ တို့ပိုက်နက်။
ရာဇဝင် နေမညို့အောင်
တို့ ကာကွယ် လျက်။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်