စကားပြင်

" စကားပြင် "

လုံးပိုဒ်လှ အက္ခရာ
သီးသန့်သာ မထား။
သဒ္ဒါသွား ဝါကျရိုးထုံး
ဖွဲ့ကုံး သည့်စကား။ ။

" သီချင်း "

အက္ခရာ လုံးပိုဒ်သီးသန့်
ရှေ့နောက်ဆန့် ပိုဒ်ချင်းကာရန်
စပ်ဖက် သီဟန်။

အချိုးကျန အသံမှန်
အပြန်လှန် ဌာန်ကရိုဏ်း။

သံရှည်တို နိမ့်မြင့်ဖြတ်
လေးပေါ့ဟပ် ကြိုးချင်းညီ
မျိုးဆင်းချီ သက်တက်သွားငယ်
ကြွားဖွယ့် သံလှိုင်း။ ။

" နှစ်မျိုးစပ် "

စကားပြင် သီချင်းစပ်
ထိုနှစ်ရပ် နှစ်ဖွဲ့အပါ။

စပ်ဖက်ကာ ထိုသရိုး
မျိုးစပ် စုံစွာ။

စည်းကမ်းကျ ဝါကျသဒ္ဒါ
နားလည်ပါ ဘာသာစကား။

လက်လိုက်နှုတ်ပါစွာဖြင့်
မြဲလေ့လာ အစဉ်ကျွမ်းအောင်
လမ်းပြဆောင်ငြား။ ။

ဥပစာ သဒ္ဒါနှစ်မျိုး
အသံကျိုး အပြစ် ဂုဏ်။

အလင်္ကာ ရသနှင့်
သဘာဝ ဇုန်။

ပေါရာဏ ရယ်နှင့်
ဝေါဟာရ အနက်အစုံ
ကုံလုံကြွယ် ပြည့်ရေး။

ကဗျာပီချို
စာသီဆို လင်္ကာပျိုးတော့
ကျိုးရှိ ကွဲ့လေး။ ။

" သုတကြွယ်ကြွယ် "

ရာဇဝင် ဇာတ် နိပါတ်
တတ်သိအပ် ခိုင်စေ။

ဥတု လေ ရာသီကြော
တောတောင်ရေမြေ။

ဓမ္မတာ သဘောတွေ
ဇော စိတ်ထွေ တေးဂီတ။

ကျမ်းဂန် အထူးထူးမှတ်
ပရမတ် ပညတ် သဘော
အဟော သုတ။ ။

" အပြစ်ကင်းစေ "

ပုဒ် သဘော ထိုအနက်
သက်ရောက်သော အပြစ်။
စာစီရာ သည်ဝါကျဝယ်
ကျရောက် အပြစ်။ ။

" ရေးကြစို့ "

ပုဒ် ဝါကျ သည်အနက်
သက်ရောက်ပြစ် ကင်းစင်။

အလင်္ကာ ဂုဏ် ရသသုံး
ဖွဲ့ကုံး ပန်ဆင်။

စုံစုံလင်လင်
ဂုဏ်အင်္ဂါ ပြည့်လွှမ်း။

ကာရန်ချို စာဆိုရေးဖွယ်
တေးသွဲ့ ထုံမွှမ်း။ ။

" ချီးမွမ်း ဖွယ် "

ထိုအရာ တတ်သိလောက်က
အပြစ်မှ လွန်မြောက်။
ကဗျာမှာ ပါရဂူမြောက်ပါမှ
ကဝိ ဂုဏ်ရောက်။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်