သမိုင်း

" သမိုင်း "

ကိုယ့်​သမိုင်းဆို​ပေမယ့်
ဒီအတိုင်း​တော့ မထားသင့်​​ပေ။

ကောင်းကျိုး​တွေ အပြုများပါမှ
အားရ လိမ့်​မ​လေ။

ပြည့်​ဝ​စေ
မ​တွေ​ဝေ စိတ်​ထား။

အ​ခြေအမြစ် ​ဇွဲရှိစွာ
ပညာကို မဏ္ဍိုင်​ချမှ
ဘဝ ခွန်​အား။ ။

ဘဝပြို ​ခွေယိုင်​လဲက
မခိုင်​မြဲ သမိုင်းပါ။

အ​ပြောဆို အလွယ်​သုံးက
လိမ်​လုံး မျှသာ။

သမိုင်းမှာ
နှိုင်းပြ စရာ မရှိ။

ဝေ​လေ​လေ အသံ​သေးဖြင့်
ကြွေးပြ ​နေဘိ။ ။

မှတ်​​ကျောက်​တင်​ ဝန်​နှင့်​အား
တရား မျှတ မှ​လေ။

မာနကို အသာလျှိုးလို့
နိုးကြား မှ​ပေ။

ဥဒစ္စ ဆိုတာ​တွေ
ငြိမ်း​အေး​စေ ရင်​တွင်း။

သမိုင်းတင်​ စံမူသစ်​နဲ့
ပြည်​ချစ်​တဲ့ မင်း။ ။

" သစ်​ရိပ်​ညို "

ဥဒစ္စ =အလျံထ​သော မီး

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်