နွေဧည့်သည်
" နွေဧည့်သည် "
နေဆီခွန်းဆင့် ၊ နွေရင့်ရင့်ဝယ်
ပန်ခွင့်ပန်းလေး ၊ ရနံ့မွှေးစဉ်
ပိုက်ထွေးယုယ မြတ်နိုးဖွယ်။
နေခြည်ဖြန်းပက် ၊ မိုးတစ်စက်ကြောင့်
တိုးထွက်ပေါ်လာ ၊ ပိတောက်ဝါတို့
နွေခါမှပဲ ပွင့်ရှာတယ်။
ဝါရွှေဖက်ဖူး ၊ အတာခူးရင်း
ကြည်နူးပြုံးရွှင် ၊ ချစ်ရေစင်နှင့်
ကြည်လင်ဖြန်းပက် ကဲခဲ့တယ်။
ကိုင်းကျိုးခက်တင် ၊ ရွှေရောင်လွင်တို့
မြေတွင်ပြန့်ကျဲ ၊ ငုသို့ပဲလေ......
နေ့လွဲခဏ ၊ ပိတောက်လှမှာ
မြေကျစွန့်ကြွေ ၊ ဖော်မဲ့ချေပေါ့......
ရွှေရည်စို့စို့ ၊ ရင်ဆို့ဆို့နှင့်
ယို့ယို့အားငယ် ၊ မျက်ရည်လည်သည်
နွေလယ်သင်္ကြန် ပိတောက်ရယ်။ ။
" သစ်ရိပ်ညို "
နေဆီခွန်းဆင့် ၊ နွေရင့်ရင့်ဝယ်
ပန်ခွင့်ပန်းလေး ၊ ရနံ့မွှေးစဉ်
ပိုက်ထွေးယုယ မြတ်နိုးဖွယ်။
နေခြည်ဖြန်းပက် ၊ မိုးတစ်စက်ကြောင့်
တိုးထွက်ပေါ်လာ ၊ ပိတောက်ဝါတို့
နွေခါမှပဲ ပွင့်ရှာတယ်။
ဝါရွှေဖက်ဖူး ၊ အတာခူးရင်း
ကြည်နူးပြုံးရွှင် ၊ ချစ်ရေစင်နှင့်
ကြည်လင်ဖြန်းပက် ကဲခဲ့တယ်။
ကိုင်းကျိုးခက်တင် ၊ ရွှေရောင်လွင်တို့
မြေတွင်ပြန့်ကျဲ ၊ ငုသို့ပဲလေ......
နေ့လွဲခဏ ၊ ပိတောက်လှမှာ
မြေကျစွန့်ကြွေ ၊ ဖော်မဲ့ချေပေါ့......
ရွှေရည်စို့စို့ ၊ ရင်ဆို့ဆို့နှင့်
ယို့ယို့အားငယ် ၊ မျက်ရည်လည်သည်
နွေလယ်သင်္ကြန် ပိတောက်ရယ်။ ။
" သစ်ရိပ်ညို "
Comments
Post a Comment