နေညိုစခန်းတို့ရွာလမ်း

" နေညိုစခန်း တို့ရွာလမ်း "

မှုန်ရီရီသန်းလာတဲ့
ရောင်နီနီ နေညိုချမ်းမှာဖြင့်
ဆမ်းပါတဲ့ နေခြည်
လွမ်းလုစာစီ

မပင်ပန်းပါဘု
သည်စခန်း ကဗျာသီလို့
စာပန်းချီ ညှို့အသွေးရယ်

ပုလွေသံ ညံစီစီ
မြေညီညီ တမာလမ်းရယ်နှင့်
ခင်တန်းငယ် ဖုန်မြူကြွတယ်
တောက ရွာလေး။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်