ကျနော့ကဗျာလေးငိုနေသည်

" ကျနော့်ကဗျာလေး ငိုနေသည် "

လှေခါး ထစ်တက် ၊ ခြေတစ်ဘက် မှာ
နှုတ်ထွက် မသာ ၊ ငြိမိ ပါသည်
ခြေခါ လိမ့်ကျ ထိဖူးသည်။

ကာရန် လွတ်ကျ ၊ နဘေ ခွ နှင့်
ဘာမျှ မကျန် ၊ တိမ်သည့် ဥာဏ်ရယ်
ဆိုရန် ဆိုရေး ပေါက်ခက်ပြီ။

အံဆို ချရေး ၊ ရွှေနှုတ် လေး၍
အတွေး အသိ ၊ ဥာဏ် မထိဘဲ
လက်၏ နှောင့်နှေး ၊ စာဟန် သွေးလည်း
ဖင့်လေး အတိ ၊ ခလုပ်ထိ သို့
ကြွမိ ခြေထောက် ၊ အံချော် ထောက်ကာ
အောက်သို့ ကျသလို ၊ ကဗျာ ချိုသည်
ငိုသံ ရော၍ ပါနေသည်။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်