ရွှေရည်ပဝင်း

" ရွှေရည်ပဝင်း "

နေနာရီ စခန်းသွား
လယ်ကြားမှာ ငါနေ
နေ့ရက်တွေ လက်ရေချိုး
ပျိုး စိုက် ချိန်တွေ
မိုးမှဆောင်း ဆောင်းမှနွေ
နားနေနိုင်ပါဘူးကွယ်
ရွှံ့မြေနဲ့ လူး။

လယ်ကွင်းမှာ ဝါရွှေလူး
ကြည်နူးမိ အတွေးတွင်
ဆည်ရေလယ် ရေသွယ်မြောင်း
ပေါင်းမြက် သန့်စင်
မြစိမ်းရောင် တလွင်လွင်
လယ်ယာခွင် တလွှားရယ်နှင့်
လုံ့လ ရှေ့ထား။

ငါ့လယ်ကို ဝင်စားတာက
ကြီးတော်နွား မို့သာကွယ်
လယ်မပိုင် အငှါးတောင်းတဲ့
နွားကျောင်း သားရယ်
မင်းနှယ်ကွယ်
ငါ့လယ်ကို နွားလာကျောင်းတယ်
နွားတွေ သွားမောင်း။

လယ်အကြောင်း
ဆောင်းဝင်တော့ ရွှေရည်
လုပ်ငန်းတွေ တယ် ရှုပ်သကွဲ့
လုပ်ကြ ရသည်
စပါးက ငွေဖြစ်ပြီ
လှူကြမည် တစ်ရွာလုံးကွယ်
ပြုံး ပီတိဖုံး။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်